
ပရိသတ်များက အကယ်ဒမီ ရလိမ့်မည်ဟု ကြိုတင်ထင် ကြေးပေးထားသော်လည်း ယခု နှစ်ဆန်ခါတင်စာရင်းတွင် ပါ ၀င်သော ဇာတ်ကားများကို ကိုယ် တိုင်အားမရသဖြင့် အကယ်ဒမီ ကို မမျှော်လင့်ကြောင်း သက်မွန် မြင့်က ပြောသည်။‘‘ဇာတ်ကွက်အနေနဲ့ ကိုယ့် ကို အများကြီးလုပ်ခွင့်ပေးထားတဲ့ အချိန် ကိုယ်လည်းကြိုးစားထား တဲ့ ကားတွေမှာ လွဲခဲ့ဖူးတယ်။ ဒီနှစ်က ကိုယ့်ကိုယ်ကိုယ် အားမရ တဲ့ကားတွေဆိုတော့ မျှော်လင့် မထားတော့ဘူး’’ဟု သက်မွန်မြင့် က ပြောသည်။
သက်မွန်မြင့်သည် အကယ် ဒမီ ဆန်ခါတင်ခြောက်ကားအ နက် စေတန်ရဲ့ကချေသည်၊ စုန်းပြူး၊ ကြယ်စင်မော်ကွန်း ဇာတ်ကား များတွင် ပါဝင်သရုပ်ဆောင်ထား ပြီး ပရိသတ်များက စေတန်ရဲ့ ကချေသည် ဇာတ်ကားဖြင့် ရုပ်ရှင်ထူးချွန်ဆုရရှိနိုင်သည်ဟု ထင်ကြေးပေးခံထားရသည်။ အကယ်ဒမီမျှော်လင့်မထားသော်လည်း ဒီဇင်ဘာ ၂၇ရက် အကယ်ဒမီပေးပွဲသို့ တက်ရောက်ရန် အစီအစဉ်ရှိကြောင်း ၎င်းကပြောသည်။
‘‘အ၀တ်အစားကိုတော့ မပုံ့ က စီစဉ်ပေးမှာပါ။ အရောင်က တော့ အနုထဲကပဲ ဖြစ်မှာပါ’’ ဟု သက်မွန်မြင့်က ပြောသည်။
‘‘ပထမတော့ သမီးလေးလို ချင်တာ။ သားလေးဆိုတော့ လည်း ကိုယ့်ရင်သွေးလေးကို ကျန်းကျန်းမာမာ မွေးဖွားနိုင်မယ် ဆိုရင် ကျေနပ်ပါတယ်’’ ဟု ကိုယ် ၀န်ငါးလလွယ်ထားရသည့် သား ရှင်ဖြစ်တော့မည့် သက်မွန်မြင့် က ပြောသည်
Sunday, December 14, 2014
ပရိသတ်တွေမှန်းနေပေမယ့် အားမရလို့ အကယ်ဒမီ မမျှော်လင့်ထားဘူးဆိုတဲ့ သက်မွန်မြင့်
7Day Daily
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment