ယခင်စစ်အာဏာ ရှင်ဟောင်း ဦးသန်းရွှေ သေဆုံးသွားသည် ဆိုသောသတင်း ထွက်ပေါ်နေသော်လည်း မှန်ကန်မှုမရှိဟု ၄င်းနှင့် နီးစပ်သူများက ဒီ ဇင်ဘာ ၁၃ ရက်တွင်အ တည်ပြုပြောကြား ခဲ့သည်။
''အခုထွက်ပေါ်နေတဲ့ သတင်း တွေက ကောလာဟလပါ။ ဆုံးတယ်ဆိုတာ မဟုတ်ပါဘူး။ ဆေးရုံလဲ မတက်ရပါဘူး''ဟု ၄င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဦးသန်းရွှေသည် လက်ရှိအချိန် တွင် အသက် ၈၁ နှစ်အရွယ် ရှိပြီဖြစ်ကာ နေပြည်တော်တွင် မိသားစုနှင့်အတူ နေထိုင် လျက်ရှိကြောင်း သိရသည်။
အွန်လိုင်းစာမျက်နှာတွင် ဦးသန်း ရွှေမှာ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားကြောင်း ရေးသား ထားပြီး အခြားလူမှုကွန်ရက် စာမျက်နှာများ တွင်လည်း ယင်းသတင်းများ ပျံ့နှံ့လျက်ရှိ သည်။
၎င်းနှင့်နီးစပ်သူ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးက ''ကျွန် တော်တို့လည်း ဘဘဆုံးပြီဆိုတာ အွန်လိုင်း စာမျက်နှာပေါ်မှာ တွေ့နေရတယ်။ ကော လာဟလတွေပါ။ ဘဘကျန်းမာပါတယ်''ဟုပြောသည်။
ဦးသန်းရွှေသည်၂ဝ၁၁ ခုနှစ်တွင် (နအဖ)ကိုဖျက်သိမ်းခဲ့ပြီး နိုင်ငံရေးလော ကမှ အနားယူခဲ့ကာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သူတစ်ဦး ဖြစ်ပြီး ဦးသန်းရွှေ ကွယ်လွန်သွားသည်ဟူ သည့် ကောလာဟလ သတင်းများမှာလည်း နှစ်စဉ် ထွက်ပေါ်လေ့ရှိသည်။
Yangon Media Group

0 comments:
Post a Comment