ခေတ်အဆက်ဆက် ကျဆုံးခဲ့လေပြီးသော သူရဲကောင်းစစ်သည်တော်များအား ဂုဏ်ပြုပွဲကျင်းပခြင်း အခန်းအနားသို့ တက်ရောက်ခဲ့တဲ့ ( ဗိုလ်ဇော်မျိုးထက် ) ဧ။် မိခင် ဒေါ်တင်မေဦးရဲ့ မျက်ရည်များနဲ့ ရင်တွင်းစကား ...
စစ်ပွဲမှာ ကျည်ဆံထိလို့ သေတာ မဆန်းပေမယ့် ရက်စက်စွာ ခေါင်းဖြတ် ရင်ခွဲပြီး ခေါင်းကိုပြန်ထည့်ထားတဲ့ သတ်ဖြတ်ခြင်းမျိုးကို ပြည်တွင်းစစ်မှာမပြောနဲ့ မည်သည့်စစ်ပွဲမှာမှ လုပ်ပိုင်ခွင့် မရှိပါဖူး ။ ပဒေသာ မိုင်း လို့ခေါ်တဲ့ မိုင်းအတွဲလိုက်ထောင်ခွင့်လည်း မရှိပါဖူး ။ တပ်မတော်မှာ ဒီမိုကရေစီမရှိဖူး လို့ တပ်မတော်သားတစ်ဦးက ရင်ဖွင့်ဖူးပါတယ် ။ ဒီနေရာမှာ အသက်အန္တရာယ်များလို့ မသွားချင်ဖူး လို့ ငြင်းပယ်လို့ မရသလို ဒေသခံတွေက ဆက်ကြေးတွေကောက်နေလို့ ကူပါဦး ကယ်ပါအုန်း ဆိုလည်း စစ်ကြောင်းက ဆင်းရပါတယ် ။ အမိန့်ကိုငြင်းပယ်ပိုင်ခွင့် မရှိပါဖူး ။ ငြိမ်းချမ်းရေးအတွက် လိုင်ဇာကို လမ်းလျှောက်ချီတက်တဲ့ ဆန္ဒပြသူတေအတွက် မိုင်းရှင်းပေးရတာ တပ်မတော်သား ၃ ဦးလည်း ကျဆုံးခဲ့ရပါသေးတယ် ။ လက်နက်ကိုင်အဖွဲ့က ဘီလူးချောင်းရေအားလျှပ်စစ်က ဝန်ထမ်းတွေ ဈေးဝယ်လာတဲ့ ကားကို ပစ်ခတ်လို့ ဝန်ထမ်းတွေ သေကြေခဲ့ရတယ် ။ တံတားအစင်းပေါင်း များစွာ ချိုး တာဝါတိုင်ပေါင်းများစွာ ဖျက်ဆီးခဲ့တဲ့ အထဲမှာ ပူတာအိုနဲ့ ဆက်သွယ်ထားတဲ့ တံတားကို ချိုးခဲ့ပြီးဆန်ကားတွေ မသွားရတားဆီးခဲ့လို့ ပူတာအိုက ကျန်းမာရေးမကောင်းသူတွေ သက်ကြီးရွယ်အိုတွေ အစာရေစာ ငတ်ကာ သေခဲ့ရပါတယ် ။ နိုင်ငံတော်နှင့် တပ်မတော်မှ ဆန်အိတ် ၃၀၀၀ ကျော်ကို စစ်လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ရပါတယ် ။
ဒီအဖြစ်အပျက်တွေအတွက် ဘယ်သူက ဆန္ဒဖော်ထုတ်ပေးလည်း ဒေသခံရှမ်းနီတို့ ဆန္ဒပြတယ် နိုင်ငံတော်အစိုးရကို အကူညီတောင်းတယ် ။ ဒါပေမယ့် မိတ်ဆွေတစ်ယောက် ပြောသလိုပဲ ဒီဒေသမှာ နေနေတော့ ဆန္ဒပြရင် မိသားစုလိုက်ပါ သတ်ခံရမှာစိုးလို့ အောင့်အီးနေနေရပါတယ် ဒါကို မီဒီယာတွေ ပြည်မကလူတွေ သိစေချင်တယ် ... တဲ့ ။ ကမ္ဘာကို သိစေချင်တယ် တဲ့ ......
( ဒေါ်တင်မေဦးရဲ့ mntv နှင့် အင်တာဗျူးကိုတော့ တင်မရလို့ စာနဲ့ ရေးသားတင်ပြလိုက်ပါတယ် )
Pann Chitthulay (FB)







0 comments:
Post a Comment