
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဘက်မှ အင်တာနက်လိုင်းများ သွယ်တန်းအသုံးပြုနေသည့် Telenor သည် ဒီဇင်ဘာလအတွင်း ကိုယ်ပိုင် အင်တာနက်အသစ်တစ်ခုကို နယ်စပ်မှ ထပ်မံသွယ်တန်း အသုံးပြုသွားမည်ဟု သိရသည်။
“လိုင်းအသစ်တစ်ခု ထပ်ဆွဲနေတယ်။ ဒီဇင်ဘာလအတွင်းပြီးနိုင်အောင် လုပ်နေပါတယ်။ အဲ့ဒါပြီးရင် Capacity ပိုလည်းရတယ်။ ပိုပြီးတော့လည်းလုံခြုံမှုရှိနိုင်ပါတယ်။ ကိုယ်ပိုင်လိုင်းအသစ်ပါ” ဟု Telenor Myanmar မှ CEO ဖြစ်သူ Mr. Petter Furberg ကပြောသည်။
Telenor အသုံးပြုနေသည့် အင်တာနက်လိုင်းများတွင် ထိုင်း နိုင်ငံဘက်မှသွယ်တန်းထားသည့် အင်တာနက်လိုင်းမှာ တရုတ်နိုင်ငံဘက်မှ သွယ်တန်းထားသည့် အင်တာနက်လိုင်းထက် Capacity ပိုမို များပြားကြောင်း၊ အင်တာနက် လိုင်းပြတ်တောက်မှုသည် Capacity ပိုမိုများပြားသည့် ထိုင်းနိုင်ငံ ဘက်မှဆက်ကြောင်းဖြစ်နေသည့် အတွက် ပြည်တွင်းအင်တာနက် အမြန်နှုန်းမှာ နှေးကွေးနေရခြင်းဖြစ်ကြောင်း Mr. Petter Furberg က ဆိုသည်။
လိုင်းပြတ်တောက်မှုကြောင့် အင်တာနက်အမြန်နှုန်းမကြာခဏ ကျဆင်းနေရသည့်ပြဿနာကို ဖြေရှင်းရန် ကိုယ်ပိုင်အင်တာနက် လိုင်းအသစ်တစ်ခုကို ဒီဇင်ဘာလ အတွင်း အပြီးသတ်သွယ်တန်း၍ ဖြေရှင်းနိုင်ရန် Telenor က ကြိုးစားနေခြင်းဖြစ်ပြီး အဆိုပါအင်တာ နက်လိုင်းအသစ် သွယ်တန်းပြီးပါက အင်တာနက်လိုင်းများ ကောင်းမွန်လာမည်ဟု Telenor က ပြောဆိုသည်။
အင်တာနက်စနစ် တွဲဖက် ပါဝင်သည့် မိုဘိုင်းဖုန်းလိုင်းများကို ဝန်ဆောင်မှုပေးအပ်နေသည့် အင်တာနက် Bandwidth ပမာဏကို Telenor အနေဖြင့် ထုတ်ပြန်ပြောဆိုထားခြင်း မရှိသည့်အပြင် လိုင်းအသစ် သွယ်တန်းခြင်းနှင့် ပတ်သက်သည့် Bandwidth ပမာဏကိုလည်း Telenor အနေနဲ့ဖြင့် ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။
ဆက်သွယ်ရေးအော်ပရေတာများ အနက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၎င်းတို့သွယ်တန်း အသုံးပြုနေသည့် အင်တာနက် Bandwidth ပမာဏနှင့် အင်တာနက် စနစ် ဝန်ဆောင်မှု ပေးအပ်နေသည့် မိုဘိုင်းဖုန်းလိုင်း အရေအတွက်ကို တိကျစွာ ထုတ်ပြန်ပေးထားသည့် အပြင် သွယ်တန်းထားသည့် အင်တာနက် Brandwidth များအနက်မှ Brandwidth အချို့ကို ပြည်ပမှ ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာနှစ်ခု အတွက် ငှားရမ်း အသုံးပြုခွင့်ပေးမည်ဟုလည်း သတင်းများ ထုတ်ပြန်ခဲ့သည်
Monday, December 8, 2014
အင်တာနက် အမြန်နှုန်းကို ဒီဇင်ဘာလအတွင်း မြှင့်တင်နိုင် မည်ဟု Telenor ပြော
Internet Journal
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment