Tuesday, October 6, 2015

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ” မဟာဆန်တဲ့ မာယာမျက်နှာဖုံး”


မလေးရှားနိုင်ငံရှိ Shine Entertainment နဲ့ငွေလမင်းထုတ်လုပ်ရေးတို့ပူးပေါင်းရိုက်ကူးပြီးဇာတ်လမ်း၊ဇာတ်ညွှန်းနဲ့ တွဲဖက်ဒါရိုက်တာ စတီးလ်၊အိန္ဒိယနိုင်ငံမှဒါရိုက်တာ R. Perakas Rajaram မှ ရိုက်ကူးထားတဲ့မဟာဆန်တဲ့ မာယာမျက်နှာဖုံးဇာတ်ကားပရက်ရှိုးကို စက် တင်ဘာလ၂၇ ရက် မနက် ၇ နာရီခွဲကသမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။

ဒီဇာတ်က မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး နိုင်းနိုင်း၊ နဝရတ်၊ အောင်ခိုင်၊ ဇော်ဇော်အောင်၊ စတီးလ်၊ ဝါဝါအောင်နဲ့တခြားမြန် မာ သရုပ်ဆောင်များနဲ့အတူမလေးရှား နိုင်ငံမှ အိန္ဒိယသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားကြ ပါတယ်။ ဒီဇာတ်ကားရိုက်ကူးဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး စတီးလ်က..

” ဒီဇာတ်လမ်းဖြစ်လာတာက ၂ဝ၁၁ ခုနှစ်က ကျွန်တော် မလေးရှားကိုခဏရောက်တဲ့အချိန်မှာနာရေးကူညီမှုအသင်းရုံးခန်းကို သွား လည်ဖြစ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံကနေအလုပ်သွားလုပ်တဲ့ ညီအစ်မ နှစ်ယောက်ရဲ့ ဖြစ်စဉ်တစ်ခုကို ဇာတ်လမ်းအဖြစ်ရေးဖြစ် သွားတာပါ။ မြန်မာပြည်မှာရှိတဲ့ပရိုဂျူဆာ တော်တော်များများနဲ့ ချိတ်ဖြစ်တယ်။ ဒါပေမဲ့မရိုက်ရဲကြဘူး။ ကုန်ကျမှုများမယ်။ မရိုက်ရဲ ဘူးဖြစ်နေတဲ့အချိန်မှာကျွန်တော်ကမနဝရတ်ကို ပြောပြတော့သူတအားစိတ်ဝင်စားတယ်။ ရိုက်ချင်တယ်ဆိုလို့ ရိုက်ဖို့စီစဉ်ဖြစ်သွားတယ်။ ကျွန်တော်တို့ ဒီဇာတ်လမ်းကိုမလေးရှားနိုင်ငံမှာ ခိုးပြီးမရိုက်ချင်ဘူး။ တည်တည်ငြိမ် ငြိမ်နဲ့ပဲရိုက်မှရမယ်ဆိုတော့ ဟိုဘက် နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ပြီး အဲဒီက ဒါရိုက်တာနဲ့ ရိုက်ဖြစ်သွားတယ်။ ကျွန်တော်တို့ ဟိုနိုင်ငံကို တရားဝင် ရိုက်ကူးခွင့်တင်တယ်။ တရား ဝင်ငွေသွင်းပြီးဟိုဘက်က ကုမ္ပဏီနဲ့ချိတ်ဆက်ပြီးရိုက်ကူးတာ ဆိုတော့ ဘာအခက်အခဲမှမရှိပါဘူး” လို့ပြောပါတယ်။ ဒီဇာတ် ကားမှာ မြန် မာမိန်းကလေးတွေကို နှိပ်စက်ပြီးအနိုင်ကျင့်စော်ကားတဲ့ ဇာတ်ဝင်ခန်းတွေအများကြီးပါပေ မယ့် မြန်မာနိုင် ငံမှာ ပြ သမယ့် ဇာတ် ကားဖြစ်တဲ့အတွက် မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာ ကိုထိန်းသိမ်းတဲ့အနေနဲ့ အများကြီး မပြနိုင်ဘဲ တချို့ဇာတ် ဝင်ခန်းတွေကို လည်း ဖြုတ်ခဲ့ရကြောင်းပြောပါတယ်။ စတီးလ်က ဒါရိုက်တာအနေနဲ့ “ခိုး၊ ဆိုး၊ လု၊ နှိုက်” ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ နေဒွေး၊ ခင်လှိုင်၊ သင်ဇာဝင့်ကျော်တို့နဲ့ ရိုက်ကူးထားပြီး နိုဝင်ဘာလထဲမှာလည်း ” ဝိညာဉ်ကကြိုး ” ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ ရွှေမှုန်ရတီ၊ သင်ဇာ ဝင့်ကျော်တို့နဲ့ ရိုက်ကူးမှာဖြစ်ကြောင်းထပ်မံသိရပါတယ်။ မဟာဆန်တဲ့မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၁၆ ရက်နေ့ မှာသမ္မတ၊သွင်၊မင်္ဂလာ (သိမ်ကြီးဈေး)၊ မင်္ဂလာစံပြ (လမ်း မတော်)၊ Junction Mawtin၊ Junction Square၊ Top Royal (ပါရမီ)တို့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်
Popular News Journal

0 comments:

Post a Comment