ကျောက်ဖြူမြို့မိ မြို့ဖများ စစ်တွေသို့ သွားရောက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနှင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တွေ့ဆုံပြီး ဘင်္ဂလီ ဒုက္ခသည်များအား ကျောက်ဖြူတွင် ပြန်လည် နေရာချထားမည့် ဆွေးနွေးပွဲ အစီအစဉ်မှာ ပျက် သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ အစီအစဉ်ပျက်သွားရခြင်း၏ အကြောင်းအရင်းကို မသိရှိကြောင်း၊ နောက်ထပ် ဆွေးနွေးပွဲ ထပ်လုပ် မလား/ မလုပ်လားဆိုသည်ကို မသိရှိရသေးကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက်ပြော ကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “ ဒါက ခရိုင်အုပ်ချုပ်ရေးမှူးရုံးကစီစဉ်တာပါ။ ကျောက်ဖြူမြို့ထဲမှာ ဘင်္ဂလီတွေကို ပြန်လည် နေရာချထားရေး အတွက် စစ်တွေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အရောက်လာရမယ်။ ၁၄ ရက်နေ့မှာ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနဲ့ စစ်တွေမှာ တွေ့ဆုံဆွေးနွေးဖို့ပါ” ဟု ပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီးကျောက်ဖြူသာသနာ့ဗိမာန်တွင် ကျောက်ဖြူမြို့မှ ဒေသခံများက အစည်းအဝေး တစ်ရပ်ကို ယခုလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း၊ ၎င်းအစည်းအဝေးသို့ လူပေါင်း ၆၁ ဦးတက်ရောက် ခဲ့ကြောင်း၊ စစ်တွေသို့ သွား/ မသွားကို မဲခွဲဆုံးဖြတ်ရာ ၅၀ ဦး မသွားရန် မဲပေးခဲ့ကြပြီး ၁၁ ဦးက သွားရောက် ရန် မဲပေးခဲ့ကြောင်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးရုံးမှာ လူ ၃၀ တက်ရောက်ပြီး ထပ်မံအစည်းအဝေး လုပ်ခဲ့ကြကာ စစ်တွေသို့ သွားရန်ဟု ဆုံးဖြတ်ခဲ့သည်ဟု သိရကြောင်း၊ နောက်ပိုင်း မည်ကဲ့သို့ ဆက်ဖြစ် လာမည်ကို မသိရသေးကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ပြောကြားသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးမှ သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကျောက်ဖြူ မြို့မိမြို့ဖ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်၊ ကျောက်ဖြူမြို့စည်ပင် ဥက္ကဋ္ဌလည်း ဖြစ် ဦးသန်းလွှင်အား ဆက်သွယ်မေးမြန်းရာ သူက “ အခု ၀န်ကြီးခရီးစဉ် ပျက်သွားတဲ့ အတွက် တွေ့ဆုံမယ့် အစီအစဉ်ပျက်သွားပါပြီ။
ကျွန်တော်တို့သွားဆွေးနွေးဖို့ဆုံးဖြတ်ထားပါတယ်။ သွားရောက်ဆွေးနွေးမှာ ဖြစ်ပေမယ့် မြို့လူထုရဲ့ သဘောထားကို သွားတင်ပြမှာ ဖြစ်ပါတယ်။ မြို့လူထုရဲ့ သဘောထားက ပြန်လည် နေရာချထားရေးကို လက်မခံပါ။ အခုက ကျောက်ဖြူမြို့က ဘာပဋိပက္ခမှ မရှိဘဲ အေးဆေးတည်ငြိမ်နေတယ်။ ဒေသဖွံ့ဖြိုးရေး အတွက်လုပ်စရာတွေ အများကြီးရှိတယ်။ ဒါတွေကိုဘဲ အဓိက လုပ်ရေးအတွက် ဆွေးနွေးမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ကျောက်ဖြူမြို့ ပိုက်ဆိပ်နှင့် ပြင်ဖြူမော်တွင် နေထိုင်ခဲ့သည့် မွတ်ဆလင်များမှ သူတို့ ယခင်နေရာများတွင် နေထိုင်လိုကြောင်း အစိုးရကို တင်ပြထားရာမှ ကျောက်ဖြူမှ သက်ဆိုင်သူများနှင့် တွေ့လိုကြောင်း အကြောင်းကြားရာမှ ယခုလို သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၀န်ကြီးခရီးစဉ်ပျက်သွားသဖြင့် ဆွေးနွေးပွဲ ပျက်သွားသော်လည်း နောက်ထပ် ဘယ်နေ့ထပ်ချိန်းမည်ကို မသိရကြောင်း ဦးသန်းလွှင်မှ ပြောကြားသည်။
ကျောက်ဖြူအမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံမှ ကျောက်ဖြူမြို့ထဲတွင် ပြန်လည် လက်ခံပါက တည်ငြိမ်နေသည့် ကျောက်ဖြူတွင် ပဋိပက္ခများ ထပ်မံ ဖြစ်ပွားလာနိုင်သဖြင့် ကျောက်ဖြူဒေ သခံများက မြို့ပြင်ကို ရောက်ရှိသွားသည့် ဘင်္ဂလီများကို မြို့ထဲတွင် ပြန်လည် နေရာချထားရေးကို လက်မခံကြခြင်း ဖြစ်ကြောင်း ပြောကြားသည်။
Narinjara

0 comments:
Post a Comment