ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအတွက် ရုံးတက် ရုံးဆင်းချိန်တွင် ရဲက လုံခြုံရေး ယူပေးနေရသည်ဟု ယနေ့ထုတ် The Voice သတင်းစာ သတင်းရေးသား ဖော်ပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်အောင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်လတ်အား နိရဉ္စရာသတင်းဌာနမှ ယနေ့နေ့လယ်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ နယ်ကို ရောက်နေ၍ သူ့အနေဖြင့် ထိုကိစ္စကို မသိရှိကြောင်း ပြောကြားသည်။
ပြည်နယ် ရဲတပ်ဖွဲ့မှူးအား ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။
The Voice သတင်းအရ လက်ရှိ ပြည်နယ် အစိုးရရုံး၊ ခရိုင်နှင့် မြို့နယ် အသီးသီးတို့တွင် တာဝန် ထမ်းဆောင်နေသည့် အရာထမ်း အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်း ၁၀၀ ကျော်ကို ရုံးတက် ရုံးဆင်းချိန်များ၌ လုံခြုံရေး ကွပ်ကဲဆောင်ရွက် ပေးနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
(ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်)
Narinjara







0 comments:
Post a Comment