ရှစ်လေးလုံးသမိုင်းပြ တိုက်တည်ဆောက်ရန် ပါရမီ လမ်းရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးပိုင် မြေနေရာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကပေး ထားကြောင်း ပြတိုက်ဖြစ်မြောက် ရေးကော်မတီ(ယာယီ)အဖွဲ့ဝင် ဦးမြင့်အောင်ကပြောသည်။
ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ)သို့ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် သွား ရောက်ပြီး ပြတိုက်တာဝန်ရှိသူများ နှင့် ဆွေးနွေးပြီးနောက် ယခုကဲ့သို့ မြေနေရာချပေးခြင်းဖြစ်သည်။
‘‘ပါရမီက ရန်ကုန်မြို့တော် စည်ပင်ပိုင်မြေနေရာကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ် ပေးမှုနဲ့ကျွန်တော်တို့ မျက်နှာစာ အဖွင့်ပေငါးဆယ်၊ အနောက်ကို ပေတစ်ရာရဖို့အတွက် စီစဉ် ဆောင်ရွက်ပေးထားတယ်’’ ဟုဦး မြင့်အောင်ကပြောသည်။ သို့ သော် နေရာအတိအကျကိုပြော ကြားခြင်းမရှိပေ။
လက်ရှိတွင် အဆိုပါနေရာ ကို ရှစ်လေးလုံးပြတိုက်အမည် ဖြင့် မြေဂရန်အမည်ပေါက်ရရှိရေး ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
‘‘ကျွန်တော်တို့က လာမယ့် ပုလဲရတုအမီတော့ အဆောက်အ အုံဒီဇိုင်းထွက်မယ်ထင်တယ်။ ဗိ သုကာပညာရှင်တွေကို ဖိတ်ခေါ် မှာပါ။ ရှစ်လေးလုံးသမိုင်းအမှန် ပေါ်ပေါက်နိုင်ဖို့အတွက် ဆက် လက်ကြိုးစားနေကြပါတယ်’’ ဟု ဦးမြင့်အောင်ကပြောသည်။
ယခင်ကရှစ်လေးလုံးသမိုင်း ပြတိုက်ကို ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံထောင့်ရှိ မြန် မာ့ပို့ကုန်၊သွင်းကုန်ကော်ပိုရေး ရှင်း (MEIC)အဆောက်အအုံနှင့် သိမ်ဖြူလမ်းနှင့် အနော်ရထာ လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အအုံတို့အနက် တစ် နေရာတည်ဆောက်နိုင်ရန် သာ သနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနသို့ ၂၀၁၇ စက်တင်ဘာအ တွင်းက တောင်းခံခဲ့သည်။
‘‘အဲဒီရှေးဟောင်းနေရာတွေ က လုပ်ငန်းလည်ပတ်မှုတွေရှိနေ လို့မရခဲ့ဘူး။ အခုဟာကတော့ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ပဲ မြေနေရာရရှိခဲ့တာ ပါ’’ ဟု ဦးမြင့်အောင်ကပြော သည်။ ယာယီပြတိုက်ကို လက်ရှိ တွင် ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးဘေး၌ ဖွင့်လှစ်ထား သည်။
ယာယီပြတိုက်ကို တနင်္လာ နေ့မှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထား သည်။
7Day







0 comments:
Post a Comment