Wednesday, May 9, 2018

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတရှီကျင့်ဖျင်နှင့် ဆွေးနွေး



မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် မေ ၈ နေ့ ညနေပိုင်းကတရုတ်နိုင်ငံသို့ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရုတ်တရက်ထပ်မံရောက်ရှိလာခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအွန်တို့ တွေ့ဆုံရန်ရှိနေပြီး အဆိုပါတွေ့ဆုံမှုမတိုင်မီ ကင်ဂျုံအွန်က တရုတ်နိုင်ငံသို့ နောက်တစ်ကြိမ်လာရောက်ခဲ့ကာ တရုတ်သမ္မတရှီနှင့် ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ကင်ဂျုံအွန်မှာ ပြီးခဲ့သည့် မတ်လအတွင်းက တရုတ်နိုင်ငံသို့  တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရထားဖြင့်လာရောက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် သီးသန့် လေယာဉ်ဖြင့်လာရောက်ခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒါလီယန်မြို့ တွင် ကင်ဂျုံအွန်နှင့် သမ္မတရှီတို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ယခုကဲ့သို့ မတွေ့ ဆုံမီ မြောက်ကိုရီးယား၏ အဆင့်မြင့်အရာရှိများပါဝင်သည့် မြောက်ကိုရီးယားအစိုးရပိုင် Air Koryo လေကြောင်းမှ အထူးလေယာဉ်တစ်စီးမှာဒါလီယန်မြို့ သို့ ရောက်လာခဲ့သည့် အတွက် တရုတ်နိုင်ငံသို့ ကင်ဂျုံအွန် ထပ်မံရောက်ရှိလာနိုင်သည်ဟု ထင်မြင်ယူဆခဲ့ကြသလို တင်္နလာ အင်္ဂါနေ့ များတွင် ကင်ဂျုံအွန်နှင့် ရှိကျင့်ဖျင်တို့ နှစ်ဦး၏ ပင်လယ်ကမ်းစပ်နားရှိဒါလီယန်မြို့ တွင် တွေ့ ဆုံဆွေးနွေးသည့် သတင်းဓါတ်ပုံများ တရားဝင်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေသတွင်းငြိမ်းချမ်းမှု့ ပိုမိုရရှိရန်နှင့် တရုတ်နှင့်ဗဟာဗျူဟာကျသည့်ဆက်ဆံရေးများ ပိုမိုတိုးတက်အောင် ဆောင်ရွှက်နိုင်ရေးအတွက် ကင်ဂျံအွန်ရောက်ရှိလာခြင်းဖြစ်သည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သလို မြောက်ကိုရီးယားနှင့် အမေရိကန်တွေ့ဆုံမည့် အစီအစဉ်ကို တရုတ်နိုင်ငံက ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက်အပြီးသတ် ဖျက်သိမ်းရေးဆောင်ရွက်နိုင်သည်အထိ ပံ့ပိုးကူညီသွားမည်ဟု သမ္မတရှီကျင့်ဖျင်က က ကင်ဂျုံအွန်ကို ကတိပြုခဲ့ကြောင်းလည်း သိရသည်။




Refး DM 
The Ladies News

0 comments:

Post a Comment