Wednesday, May 9, 2018

ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ ဒုရဲမှူးမိုးရန်နိုင်တို့ကို အင်းစိန်တရားရုံးမှာ ဒီနေ့ရုံးထုတ်


နိုင်ငံတော်လျှို့ ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို အင်းစိန်မြို့ နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့  နံနက်ပိုင်းက ထပ်မံရုံးထုတ်ပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးအပြင် ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့ ကထောင်ဖမ်းတာဖြစ်တယ်လို့ တရားရုံးမှာထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ကိုလည်း တရားလိုပြသက်သေအဖြစ်စစ်ဆေးဖို့တစ်ပါတည်းရုံးထုတ်လာပါတယ်။

ပြီးခဲ့တဲ့အပတ်ရုံးချိန်းက ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ်ကြေညာပေးဖို့ အစိုးရရှေ့  နေများရဲ့ လျှောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ ပယ်ချလိုက်တဲ့အတွက် တရားလိုပြသက်သေအဖြစ်ဆက်လက်စစ်ဆေးဖို့ ဒီနေ့  ရုံးထုတ်လာတာလည်းဖြစ်ပါတယ်။

သူ့ ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တယ်လို့ရဲတပ်ဖွဲ့ ပြောခွင့်ရသူရဲမှူးကြီးက ပြောကြောင်းနိုင်ငံတကာသတင်းဌာနအချို့ ကို အတည်ပြုပြောကြားထားပါတယ်။ 

ရိုက်တာသတင်းထောက်နှစ်ဦးကို တရားစွဲဆိုထားတဲ့အမှုဟာ ၄ လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။



ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
Popular News Journal

0 comments:

Post a Comment