Wednesday, May 9, 2018

ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသား ၃ ဦးကို မြောက်ကိုရီးယား ပြန်လွှတ်ပေး


မြောက်ကိုရီးယားအစိုးရက ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ၃ ဦးကို မေလ ၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

မြောက်ကိုရီးယား အာဏာပိုင်တွေက သူတို့ ၃ ဦးကို ပြုံယမ်းရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုထံ လွှဲပြောင်းပေးခဲ့ပါတယ်။

အမေရိကန် ၃ ဦးကို တင်ဆောင်လာတဲ့ လေယဉ်ဟာ အမေရိကန်အပိုင် အလာစကားကျွန်းမှာ ခေတ္တရပ်နားပြီးတဲ့နောက် မေရီလန်းပြည်နယ်မှာရှိတဲ့ Joint Base Andrews လေတပ်စခန်းဆီ ဦးတည်လာနေပါပြီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူတို့ ၃ ဦး ပြန်လွတ်လာတဲ့အတွက် မြောက်ကိုးရီးယားအစိုးရကို ချီးကျူးလိုက်ပါတယ်။

ဒါ့အပြင် ပြန်လွတ်လာတဲ့ အမေရိကန် ၃ ဦးကို  Joint Base Andrews လေတပ်စခန်းမှာ သမ္မတ ထရမ့် ကိုယ်တိုင် ကြိုဆိုနှုတ်ဆက်မယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။


DVB

0 comments:

Post a Comment