Tuesday, May 8, 2018

ငြိမ်းချမ်းရေးအတွက် လူထုချီတက်ဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်


ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်အဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့အစည်း​တွေ ပူးပေါင်းပြီး “ငြိမ်းချမ်းရေးအတွက်လူထုလှုပ်ရှားမှု” ခေါင်းစဉ်နဲ့ ငြိမ်းချမ်းရေး ချီတက်ပွဲကို  ​မေလ ၁၂ ရက်​​နေ့မှာ ပြုလုပ်​သွားဖို့ ရှိပါတယ်​။

အဲဒီလူထုလှုပ်​ရှားမှုကို မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီက စတင်ပြီး တာမွေမြို့နယ် Ocean Center အရှေ့က​နေ ဆူးလေအထိ စုဝေးချီတက် ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်​ပါတယ်​​။

ဒီလှုပ်​ရှားမှုကို တောင်းဆိုချက်​ ၄ ချက်​နဲ့ ပြုလုပ်​မှာဖြစ်​ပြီး ‘စစ်ပွဲများ ချက်ချင်းရပ်၊ စစ်ပွဲများ ချုပ်ငြိမ်းရေး တွေ့ဆုံဆွေးနွေး အဖြေရှာပေး၊ စစ်ဘေးသင့် ပြည်သူများကို လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ရရှိရေးနှင့် အကာအကွယ်ပေးရေး၊ ပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများကို ချက်ချင်းလွှတ်’ စတဲ့ တောင်းဆိုချက်​တွေနဲ့ ငြိမ်းချမ်းစွာ စုဝေးချီတက် ဆန္ဒထုတ်ဖော်ကြမယ်​လို့  ဦး​ဆောင်​သူ​တွေဆီက သိရပါတယ်​။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာနဲ့ပတ်​သတ်​ပြီး အကြောင်းကြားစာကိုလည်း သက်ဆိုင်ရာ မြို့နယ်တွေကို တင်ပြသွားမယ်​လို့လည်း သိရပါတယ်​။

DVB


0 comments:

Post a Comment