ဂျမေကန်အမျိုးသမီးတစ်ဦးဟာ ဒေါ်လာ ၁ ဒသမ ၄ သန်းဖိုး ဂျက်ပေါ့ထီဆုကြီး ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လူမှုကွန်ရက်မီဒီယာပေါ်မှာ လူတွေသုံးတတ်တဲ့ Emoji ပုံစံ မျက်နှာဖုံးနဲ့ ဆုငွေထုတ်ခဲ့ပါတယ်။
ထီပေါက်တဲ့ မဟာကံထူးရှင်ဟာ သူ့နာမည်ကို အန်ဂရေးလို့ ပေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို မျက်နှာဖုံးစွပ်ပြီး တက်ရောက်ခဲ့ပါသတဲ့။ သတင်းစာရှင်းလင်းပွဲပုံမှာ မဟာကံထူးရှင်ဟာ Emoji မျက်နှာဖုံးကြီးနဲ့ဖြစ်ပြီး ထိုပုံဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ထီဆုရှင်ဟာ အဆိုပါထီကုမ္ပဏီရဲ့ အွန်လိုင်းပရိသတ်တွေ ရွေးချယ်ပေးတဲ့ အီမိုဂျီပုံစံကို မျက်နှာဖုံးဝတ်ခဲ့တာဖြစ်ပါသတဲ့။
ထီဆုကြီးပေါက်ပေမယ့် အလုပ်ထွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ အန်ဂရေးက ပြောထားပါတယ်။ ဒါပေမဲ့ အပျော်စီးသင်္ဘောစီးခရီးစဉ်ကိုတော့ သွားဖြစ်အောင်သွားမယ်လို့ သူက ဆိုပါတယ်။
The Voice







0 comments:
Post a Comment