မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့၌ ဇွန် ၉ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန် ၁ဝ ရက် ညနေပိုင်းတွင် မန်းချောင်းရေ စတင်မြင့်တက်လာခဲ့ကာ ယနေ့နံနက်ပိုင်းတွင် မန်းရွှေစက်တော် ဘုရား၊ ပါဒစေတီတော်၊ အောက်စက်တော်ရာမြတ်၏ အထက် ၄ပေခွဲခန့်နှင့် အောက်ခြေတော်ရာအား ဖုံးအုပ် ထားသည့် အလင်းပေါက် ဖန်အုပ်ဆောင်းပေါ်အထိ ရေများ ၃ ပေခန့်မြင့်တက်လာခဲ့ကြောင်း၊ မန်းချောင်းရေသည် ရေအနက် ၁၅ပေခန့်၊ ရေပြင်အကျယ် ပေ ၂ဝဝခန့်ရှိကြောင်း၊ ရေစီးအားသန်သောကြောင့် လူနှင့်လှေများ ကူးသန်းသွားလာ၍ မရသော်လည်း လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ချောင်းရေတိုးမှု အခြေအနေများကို ပဒါန်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးသန့် ဦးစီးအဖွဲ့ဝင်များ၊ ဘုရား လုံခြုံရေး အဖွဲ့တို့ဖြင့် စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ရေကြီးရေလျှံ မှုများကြောင့် အောက်စက်တော်ရာမြတ်အား ဖုံးအုပ်ထားသည့် အလင်းပေါက်ဖန်အုပ်ဆောင်းအထိ ရေများမြင့်တက်လျက် ရှိသော်လည်း အဆိုပါအလင်း ပေါက်ဖန် အုပ်ဆောင်းသည် အမြင့် ၅ ပေ၊ အထူ ၃ လက်မနှင့် အလေးချိန် ၃ တန်ခန့် ရှိကာ နှစ်စဉ်ရေမြုပ်ချိန်တွင် ရှိသော ဖိအားနှင့် အရာဝတ္ထုများ၏ ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိသည့် အက်ခရိုင်းလစ် (Acrylic) ဖန်အမျိုးအစားအသုံးပြုထား ရှိခြင်းကြောင့် လုံခြုံမှုရှိပြီး တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် ၎င်းအလင်းပေါက်ဖန် အုပ်ဆောင်းအား ၂ဝ၁၄ ခုနှစ်၊ ဇူလိုင် ၁ဝ ရက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် ဓမ္မမိတ်ဆွေအလှူရှင်များ စုပေါင်းလှူဒါန်းပူဇော်ထားရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



No comments:
Post a Comment