နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇာတာမှာ မရဏနက္ခတ် အတွင်းသို့ ကျရောက်နေသဖြင့် အလုပ်အကိုင်များကိုလည်း အလွန်လုပ်ကိုင်ရမည့် အချိန်ကာလဖြစ်သလို ကျန်းမာရေးအညံ့လည်း ချက်ချင်း လက်ငင်းကြီး ပေါ်လာနိုင်ဟု ဇာတာအား တွက်ချက်ခဲ့သည့် နက္ခတ်သိပ္ပံပညာရှင် ဦးဇေယျာကို က ဇွန်လ၂၀ ရက်တွင် တွက်ချက် ဟောပြောထားကြောင်း သိရသည်။
ဟောကြားချက်တွင် မိမိဇာတာခွင်၏ အဓိက အသက်သွေးကြော အာယုစန်းနက္ခတ် ၇လုံးစလုံး ဒုက္ခပေးရန်ရှာ ကျန်းမာရေး ထိခိုက်စေနိုင်သော ကောဇာရာဟုဂြိုလ် တို့မှာ ၂၀၁၈ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ထိတွေ့ကြမည်ဖြစ်သဖြင့် အလွန် သတိထားရမည့်ကာလဖြစ်ကြောင်း ဦးဇေယျာကို က ဟောပြောထားသည်။
ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် အရပ်ဖက် အသွင်ပြောင်း တပ်မတော်သားဟောင်းများသည် နိုင်ငံတော်အတိုင်ပင်ခံအတွက် တပ်မတော်အကြီးအကဲများထက်ပင် ပိုမိုစိုးရိမ်ကာ တာဝန်ယူပေးနေကြသည်ဟု ဦးဇေယျာကိုက ဆိုပြီး ယတြာအနေဖြင့် မန္တလေးတိုင်း သာစည်မြို့နယ်အတွင်း မဟာပြည်တော်ဝင် ဘုရားတည်ထားသင့်သော ကာလဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဇာတာကို ဦးဇေယျာကိုက တွက်ချက်ပြထားသည်။
မရဏ နက္ခတ်သည် အလုပ်အကိုင်၊ မိသားစု၊ကျန်းမာရေး စသည်တို့ကို ထိခိုက်စေနိုင်ပြီး မရဏ နက္ခတ်အတွင်း အောင်မြင်ပါကလည်း ဘ၀အထွဋ်အထိတ်သို့ ရောက်ရှိအောင်မြင်နိုင်ကြောင်း ဦးဇေယျာကို က ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)







0 comments:
Post a Comment