Thursday, July 5, 2018

အိန္ဒိယ-မြန်မာနယ်စပ်မှတ်တိုင် ကျူးကျော်နေသဖြင့် ကသည်းလူမျိုးများကန့်ကွက်


အိန္ဒိယ-မြန်မာနယ်စပ်မှာ နှစ်နိုင်ငံမြေတိုင်းအဖွဲ့တို့ ပူးပေါင်းပြီး အရင်​လက စိုက်ထူခဲ့တဲ့ နယ်​စပ်​မှတ်​တိုင်​ အမှတ် ၈၁ ဟာ မဏိပူရ ကသည်းလူမျိုးတွေရဲ့ ဘိုးဘွားပိုင်​ နယ်​​မြေထဲကို ၃ မိုင်လောက် ကျူးကျော်ေ​နလို့  ဒေသခံ ကသည်းလူမျိုးတွေက ကန့်ကွက်နေကြပါတယ်။

ကွန်​​တောင်​ရွာသား ကိုထွန်းလင်းက “အခုလက်ရှိ နယ်​​စပ်​စည်းဟာ မြန်မာဘက်က ကွန်း​တောင်​ရွာ အ​နောက်​ဘက်မှာ ရှိနေတာကြောင့် ရွာသားတွေအနေနဲ့ ပြဿနာ​တွေကြီးမား ပြီးရွာကိုပါ ရန်​ပြုလာမှာ စိုးရိမ်တယ်” လို့ ပြောပါတယ်။

အိန္ဒိယအစိုးရက နှစ်နိုင်ငံညှိနှိုင်းပြီး နယ်​​မြေကိုအတည်​ပြုထား​ပေမယ့် ​ဒေသခံ​တွေ အ​နေနဲ့ သ​ဘောမတူတာကြောင့် ဆက်​လက်​ပြီး နယ်​​မြေအမှန်​အတိုင်းဖြစ်​ဖို့ အိန္ဒိယ အစိုးရကို တောင်းဆိုသွားမယ်လို့ အိန္ဒိယဘက်ရှိ ခွထာရွာဒေသခံရွာသားတွေက ပြောပါတယ်​။

သတင်း – ဂေါင်ဂေါင်(တမူး)
DVB

0 comments:

Post a Comment