Friday, August 3, 2018

ကချင်ပြည်နယ် ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရန်ုပြင်ဆင်


ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းကာ ကချင်ပြည်နယ်ဖွဲ့စည်းပုံမူကြမ်ကိုရေးဆွဲရန်ပြင်ဆင်နေကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက The Ladies Newsသို့ပြောကြားသည်။

ဖက်ဒရယ်မူဘောင်ကို ရေးဆွဲသည့် အခါတွင် ပြည်ထောင်စုတစ်ခုလုံးဆိုင်ရာဖွဲ့စည်းပုံကို ရေးဆွဲကြမည်ဖြစ်သည်။ ထို့အတူပင် ပြည်နယ်ဖွဲ့စည်းပုံများကို ရေးဆွဲသည့်အခါတွင်ပြည်ထောင်စုဖွဲ့ပုံကိုမကျော်လွန်ရ
မဆန့်ကျင်ရဆိုသည့် မူဘောင်အောက်တွင် ရေးဆွဲမှာဖြစ်သည်ဟု ၄င်းက ဆိုသည်။

`ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ သယံဇာတခွဲဝေရေးနဲ့ အားဏာခွဲဝေရေး အစရှိသဖြင့်ပေါ့ ဒါတွေကလာမယ်လေ။ ပြီးတဲ့အခါကြတော့ ကျွန်တော်တို့ပြည်နယ်အတွင်းမှာ အခြားအချက်အလက်တွေ
ဘာတွေရှိမလဲပေါ့ အဲဒါကိုပဲ ကျွန်တော်တို့ကညှိနှိုင်းဆွေးနွေးပွဲမှာထည့်ကြတာပေါ့။ တခြားပြည်နယ်တွေတခြားတိုင်းရင်းသားတွေလည်းလုပ်ကြပါတယ်။ ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားတာမရှိဘူးဆိုရင်၊
ဖက်ဒရယ်တင်မြှောက်လာတဲ့အခါအချိန်ကိုက်မဖြစ်မှာဆိုးလို့၊ အဲဒါကြောင့်ပြည်နယ်ဖွဲ့စည်းပုံလောက်ကတော့ ကျွန်တော်တို့ပြင်ဆင်ထားသင့်တယ် ဆိုတဲ့ အခြေခံသဘောတရားအောက်မှာ ကျွန်တော်တို့ကဒီဟာကိုရေးဆွဲတာပေါ့` ဟု ဒေါက်တာတူးဂျာက ပြောကြားသည်။

ကချင်ပြည်နယ် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခခံဥပဒေ မူကြမ်းရေးဆွဲရေးဦဆောင်ကော်မတီ (Kachin State Constitution Drafting and Coordination Committee) အား ဇူလိုင်လ ၃၁ရက်နေ့တွင်ဖွဲ့စည်းလိုက်သည်။

အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment