Monday, August 6, 2018

အောင်ရဲထွေးအမှုမှ ပြန်လွတ်လာသူသုံးဦး တိုင်းတရားလွှတ်တော်သို့ ယနေ့လာရောက်ရန် ဆင့်ခေါ်ထား


ဖေ့စ်ဘွတ်ခ်ဆယ်လီ အောင်ရဲထွေးအသတ်ခံရမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူသုံးဦးထံ တိုင်းတရားလွှတ်တော်က ပေးပို့ ထားသည့် သမ္မန်စာအတည်ဖြစ် ပြီး ဩဂုတ် ၇ ရက်တွင်ပြန်လည်အ ကြောင်းပြန်ရန် ခေါ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်မှ သတင်းနှင့်ပြန်ကြား ရေးအရာရှိ တရားရေးဌာနဒုတိ ယညွှန်ကြားရေးမှူးဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

အရှေ့ပိုင်းခရိုင်တရားရုံးကအမှုရုပ်သိမ်းသဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည့် သန်းထွဋ် အောင်(ခ)သားကြီး၊ ပြည့်ဖြိုး အောင်(ခ)အောင်လေးနှင့် ကျော် ဇောဟန်(ခ)ကျော်ဇောတို့ သုံးဦး ကို တရားရုံးသို့ပြန်လည်သတင်း ပို့ရန် အမှုတွဲပါလိပ်စာအတိုင်း ဇူလိုင်လကုန်က သမ္မန်စာပေးပို့ ခဲ့ပြီး လိပ်စာမှန်ကန်သဖြင့် သမ္မန် စာအတည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

‘‘လာ၊မလာတော့မသိဘူး ပေါ့နော်။ မနက်ဖြန်တော့ခေါ် ထားတယ်။ မနက်ဖြန်လာမယ်ဆို ရင်တော့ အမှုကြားနာမယ့်ရက် ကိုတော့ သုံးပတ်ကြိုပြီးကြေညာ မှာပါ’’ ဟု ဒေါ်နွဲ့နွဲ့ဦးကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးဥပ ဒေချုပ်ရုံးက အမှုကိုပြန်လည်ပြင် ဆင်ပေးရန် နိုင်ငံတော်ကိုယ်စား ပေးပို့သည့်စာကို တိုင်းတရား လွှတ်တော်ကလက်ခံပြီး အမှုပြင် ဆင်မှုအမှတ် ၂၉၆(ခ)/၂၀၁၈ ဖြင့် တရားသူကြီးဦးအောင်နိုင် တရားခွင်(၇)တွင် လက်ခံထား ပြီးဖြစ်သည်။

အမှု လက်ခံထားသည့် တရားသူကြီးအနေဖြင့် နှစ်ဖက် ရှေ့နေများ လျှောက်လဲချက်ကို ကြားနာကာ အမှုရုပ်သိမ်းသည့်အ ပေါ် အတည်ပြု၊ မပြုဆုံးဖြတ် မည်ဖြစ်ပြီး ခရိုင်တရားရုံးက ချမှတ်ထားသည့်အမိန့်ကိုတိုင်း တရားရုံးက ပယ်ချပါက အရှေ့ပိုင်းခရိုင်တရားရုံး၌ပင် အမှုဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ဒေါ်နွဲ့နွဲ့ဦးက ရှင်းပြသည်။

အဆိုပါအမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးရှိ ဒုတိယ ခရိုင်တရားသူကြီး(၆)တရားခွင် တွင် လက်ခံစစ်ဆေးနေစဉ် ရန် ကုန်တိုင်းဥပဒေချုပ်ရုံး၏ အမှုရုပ် သိမ်းခွင့်ပြုချက်ဖြင့် ဇူလိုင် ၂၅ ရက်၌ ဖမ်းဆီးထားသူသုံးဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။

စွပ်စွဲခံရသူသုံးဦး လွှတ်ပေး ချိန်တွင် ခရိုင်တရားရုံးသို့ တင် သွင်းထားသည့် တရားလိုပြသက် သေ ၂၂ ဦးအနက် ၁၄ ဦးစစ်ဆေး ထားပြီး သက်သေရှစ်ဦးစစ်ဆေးရန်ကျန်ရှိနေသည်။

အမှုရုပ်သိမ်း၍ တရားစွဲဆို ခံထားရသူသုံးဦးကို ပြန်လွှတ်ပေး သည့်အပေါ် မြန်မာနိုင်ငံ၏တရား စီရင်ရေးနှင့် တရားဥပဒေစိုးမိုးမှု အပေါ် ပြောဆိုဝေဖန်မှုများမြင့် တက်သဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးကချမှတ်သည့်အမိန့်ကို ပယ်ဖျက်ကာ အမှုကိုဆက်လက် စစ်ဆေးရန် ပြည်ထောင်စုရှေ့ နေချုပ်ရုံးက ရန်ကုန်တိုင်းဥပဒေ ချုပ်ထံ ညွှန်ကြားခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက် ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည် ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် သမ္မတအိမ်တော်၌ပြည် ထောင်စုတရားသူကြီးချုပ်၊ ပြည် ထောင်စုရှေ့နေချုပ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံပြီး အမှု ရုပ်သိမ်းခြင်း၏ နောက်ခံအ ကြောင်းရင်းများ၊ အခြားဆက် နွှယ်ပတ်သက်မှုများကို တိတိကျ ကျစိစစ်ကာ ဥပဒေနှင့်အညီမှန် မှန်ကန်ကန်ဆောင်ရွက်ရန် မှာ ကြားကြောင်း နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေး ၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့သုံးဦးကို လွှတ်ပေးသည့် တရားရုံးဆုံး ဖြတ်ချက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကျော်စောသတင်းအဖြစ် ဆုံး ဖြတ်ပြီး စုံစမ်းစစ်ဆေးမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

အမှုမှလွတ်မြောက်လာသူ သုံးဦးကို မှုခင်းရဲတပ်ဖွဲ့ကခေါ်ယူ စစ်ဆေးခဲ့ကြောင်း မိသားစုဝင် များပြောသည့်အပေါ် မီဒီယာ အချို့တွင် ဖော်ပြထားသည်။

7Day

0 comments:

Post a Comment