အောင်ရဲထွေးသေဆုံးမှုတွင် သံသယရှိသူ သုံးဦးကို တရားရုံးက အမှုရုပ်သိမ်းခွင့်ပြုခဲ့မှုနှင့်ပတ်သက်၍ အဂတိလိုက်စားမှုရှိနိုင်ကြောင်း ယုံကြည်ရန်အကြောင်းပေါ်ပေါက်သဖြင့် အဂတိကျော်ဇောသတင်းအဖြစ်သတ်မှတ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သြဂုတ် ၃ ရက်တွင်ထုတ်ပြန်လိုက်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇ၀တ်ကြီးမှုအမှတ် ၃၄/၂၀၁၈ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွန်းအောင်(ခ) သားကြီး ပါ (၃)ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုထားသည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့်ပတ်သက်၍ ၂၅-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့် ပြစ်မှုအား ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဂျာနယ်နှင့် သတင်းမီဒီယာများတွင် အဂတိလိုက်စားမှု ရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့ဖြစ်ပေါ်နေသည်။
အများပြည်သူများအတွင်း ပျံ့နှံ့နေသော ယင်း သတင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထား ရှိနိုင်သည်ဟု ယုံကြည်ရန် အကြောင်းပေါ်ပေါက်သဖြင့် ၂-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကော်မရှင် အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၁၈)၌ တက်ရောက်သူ ကော်မရှင်အဖွဲ့ဝင်အားလုံးက တစ်ညီတစ်ညွတ်တည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ)အရ ကျော်စောသတင်းအဖြစ် သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ပြီး ယင်းဥပဒေ ပုဒ်မ ၁၇(ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အတည်ပြုသတ်မှတ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။
The Ladies News







0 comments:
Post a Comment