Friday, August 3, 2018

၁၉၉၀ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များနှင့်မိတ်ဖက်နိုင်ငံရေးအင်အားစုများ နိုင်ငံရေးဆိုင်ရာ ညီလာခံတစ်ရပ်ပြုလုပ်မည်


၁၉၉၀ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် မိတ်ဖက်နိုင်ငံရေးအင်အားစုများသည်နိုင်ငံရေးဆိုင်ရာ ညီလာခံတစ်ရက်ကို သြဂုတ်လ ၇ရက်နေ့၌ ရန်ကုန်မြို့ရှိယုဒဿန်ရိပ်သာ တွင်ပြုလုပ်သွာဖြစ်ကြောင်း ၁၉၉၀ ရွေးကောက်ခံပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်းက The Ladies Newsသို့ပြောကြားသည်။

`ကျွန်တော်တို့အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့တွေက လက်ရှိနိုင်ငံရေးအခြေအနေအရဘယ်လိုဆက်လုပ်မယ် ဆိုတဲ့ဥစ္စာကိုတော့ ကျွန်တော်တို့အဲဒီမှာအဖွဲ့အစည်းတွေက လူတွေကဆွေးနွေးဆုံးဖြတ်ပြီးတော့ အလုပ်တစ်ခုကို ဆုံးဖြတ်ချက်ကျမလားတော့မသိသေးဘူး ` ဟု ၄င်းက ပြောကြားသည်။

၁၉၉၀ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖွဲအနေဖြင့် စတင်ဖွဲ့စဉ်ကတည်းက ၄င်းတို့၏ရည်ရွယ်ချက်ဖြစ်သည့် စစ်မှန်သောဒီမိုကိုစနစ်ကို အာမခံသည့် အခြေခံစည်းမျဉ်းဥပဒေတစ်ခုအားရေးဆွဲအဆိုပြုရန် ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးနိုင်းနိုင်း ကပြောကြားသည်။

`လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အဓိကအစတင်ဖွဲ့စည်းကတည်းကကြေညာချက်ရှိပါတယ်။ ဒီ ၂၀၀၈ ဥပဒေအရဆိုရင် စစ်မှန်သော ဒီမိုကရေစီစနစ်ကမြန်မာပြည်မှာ မဖြစ်ဘူးလေ အဲဒီစနစ်မရှိတဲ့အတွက်ကြောင့် စစ်မှန်သောဒီမိုကရေစီစနစ်ကိုအာမခံတဲ့ အခြေခံစည်းမျဉ်းဥပဒေတစ်ခုကို အရေးဆွဲအဆိုပြုဖို့ ကျွန်တော်စတင်ဖွဲ့စည်းကတည်းက လုပ်ပါတယ်။အဲဒီရည်ရွယ်ချက်နဲ့ အဲဒီ
လုပ်ငန်းကတော့ ပျက်မှာမဟုတ်ဘူး` ဟု ၄င်းက ပြောကြားသည်။

၂၀၁၃- ၂၀၁၄ ခုနှစ်တွင် ၁၉၉၀ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ကိုဖွဲ့စည်ခဲ့ပြီး ဥက္ကဋ္ဌမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဖြစ်သည်။

အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment