ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ နယ်မြေ ကျော်လွန်နေထိုင်သူ မြန်မာရွှေ့ပြောင်း လုပ်သား အယောက် ၃ဝ အား လက်ခံထားတဲ့ ထိုင်းအလုပ်ရှင် ဒဏ်တပ်အရေးယူခံရတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ရနောင်းမြို့နယ် ငေါဝ်ကျေးရွာအုပ်စု နယ်မြေ ၄ ရပ်ကွက်ထဲမှာ မျက်နှာစိမ်း အလုပ်သမားတွေ တွေ့ရှိရပြီး ရာဇဝတ်မှုတစုံတရာဖြစ်မှာကို စိုးရိမ်တဲ့အတွက် လာရောက်စစ်ဆေးပေးဖို့ နယ်ခံလူတွေရဲ့ တိုင်ကြားချက်အရ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က အဆိုပါနေရာကို စစ်တပ်၊ ရဲ၊ လဝက တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ရနောင်းခရိုင် လုံခြုံမှုကွပ်ကဲရေးဌာန တာဝန်ရှိသူ နိုင်းခနတ် ခတ်ချနာက ပြောပါတယ်။
DVB







0 comments:
Post a Comment