သွးလွန်တုပ်ကွေး ရောဂါခံစားနေရသော ကလေး ငယ်ကို မန္တလေးပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ရန် ခေါ်ဆောင်လာသည့် လူနာတင်ယာဉ်တစ်စီး အမြန်လမ်းတွင် အရှိန်လွန်တိမ်းမှောက်သဖြင့် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။
မြင်းခြံမြို့မှ မန္တလေးသို့ ယာဉ်မောင်း မင်းမင်းသန်းမောင်းနှင် လာသည့် ‘အဖြူရောင်လက်များ’ ပရဟိတအသင်းမှ ALPHARD အမျိုးအစားလူနာတင်ယာဉ် သည် အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က အမြန်လမ်းမိုင်တိုင် ၃၄၀ အနီးတွင် အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ယာဉ်ပေါ်တွင် အမျိုးသား သုံးဦး၊ အမျိုးသမီး ငါးဦးလိုက်ပါ လာသည့်အနက် အသက် (၅)နှစ် အရွယ်ကလေးငယ်အပါအ၀င် အမျိုးသမီးလေးဦး ဒဏ်ရာရရှိခဲ့ သည်။
‘‘ဖြစ်တဲ့အချိန်က မိုးလည်းဖွဲဖွဲလေးကျနေတယ်။ အဓိကက တော့ အရှိန်ပေါ့ဗျာ။ အရှိန်များလို့ ဖြစ်တာ။ မိုးရွာနေတဲ့အချိန်ဆို ပုံ မှန်လေးပဲ မောင်းသင့်တာလေ။ အခုက အရှိန်များလို့ မထိန်းနိုင်ဘဲ ဖြစ်တာ။ အသက်အန္တရာယ်စိုးရိမ် စရာတော့မရှိပါဘူး’’ဟု အမြန် လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ဆိုသည်။
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းကို စကားအင်းအမြန်လမ်းရဲစခန်းက ပေါ့လျော့မှုကြောင့် အပြင်းအထန်နာကျင်စေမှု၊ သာမန်နာကျင်စေမှုပုဒ်မတို့ဖြင့် အမှုဖွင့်အရေးယူ ထားသည်။
အောက်တိုဘာ ၁ ရက်က လည်း အမြန်လမ်းတွင် ကားပျက် ၍ ရပ်ထားသော ဘုရားဖူးကားကို ခရီးသည်တင်ကားက ၀င်တိုက်၍ လူ ၁၄ ဦးသေဆုံးပြီး ၄၂ ဦးဒဏ်ရာရ ရာ ယခုနှစ်အတွင်း သေဆုံးမှုအ များဆုံးကားတိုက်မှု ဖြစ်သည်။
7Day







0 comments:
Post a Comment