Tuesday, October 2, 2018

ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေကြောင့် ပြုန်တီးသွားတဲ့ သစ်ပင်တွေ အစားထိုး ပြန်စိုက်



ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားမှာ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် ၇ သိန်းကျော် လာရောက် အခြေချမှုကြောင့် ပြုန်းတီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ ဘင်္ဂါလီဒုက္ခသည်တွေနဲ့ ဒေသခံရွာသားတွေက သစ်ပင်နဲ့ မြက်ပင်တွေ အစားထိုး စိုက်ပျိုးခဲ့ကြပါတယ်။ 
သီတင်းပတ် နှစ်ပတ်အတွင်းမှာ သစ်ပင် ၄ သောင်းခွဲနဲ့ မြက်ပင် ၇ သိန်းကျော် စိုက်ပျိုးခဲ့တာ ဖြစ်တယ်လို့ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးတဲ့ ReliefWeb အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကုလသမဂ္ဂ ရွှေ့ပြောင်းအခြေချသူများ အေဂျင်စီ (IOM)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အေဂျင်စီ (FAO) တို့က နောက်ထပ် သစ်ပင် ၃၆၅၀၀ နဲ့ သန်းနဲ့ချီတဲ့ မြက်ပင်တွေ ဆက်လက် စိုက်ပျိုးဖို့ အစီအစဉ် ရှိပါတယ်။ 

အရင်က အမျိုးသား သစ်တောကြိုးဝိုင်း ဖြစ်ခဲ့ဖူးတဲ့ လက်ရှိ ဒုက္ခသည် စခန်းတွေ နေရာမှာ မြေဆီလွှာ ထိန်းသိမ်းဖို့နဲ့ သစ်ပင်တွေ အစားထိုးဖို့ ဘင်္ဂလားဒေ့ရှ် သစ်တောဌာန၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ NGO တွေ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ 

MCN

0 comments:

Post a Comment