လျှပ်စစ်နေ့စားအလုပ် သမားနှစ်ဦး ဓာတ်တိုင်ပေါ်တက် ၍ မီးပြင်နေစဉ် ဓာတ်အားလွှတ်မိ၍ ဓာတ်လိုက်ပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့သည့် ငါးသိုင်းချောင်း ဖြစ်စဉ်တွင် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူမည်ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
အောက်တိုဘာ ၃ ရက် ညနေက ဧရာဝတီတိုင်း ငါးသိုင်းချောင်း မြို့တွင် နေ့စားအလုပ်သမားနှစ်ဦးက ဓာတ်တိုင်ထိပ်ပေါ် တက်၍ မီးပြင်နေစဉ် ရုတ်တရက်ဓာတ်အားဝင်လာပြီး ဓာတ်လိုက်ခြင်း ဖြစ်သည်။
‘‘စိစစ်ပြီးတာနဲ့ အရေးယူမှု တွေ ဆက်လုပ်သွားမယ်’’ဟု ဝန် ကြီး ဦးဝင်းဌေးက အောက်တိုဘာ ၃ ရက် ည ၉ နာရီခန့်တွင် ပြော သည်။ ဓာတ်တိုင်ပေါ်မှ အောက် ပြုတ်ကျလာသူက ဒဏ်ရာသာရ ရှိသော်လည်း ဓာတ်တိုင်ပေါ်ရှိ တစ်ယောက်မှာမူ ဆေးရုံသို့အ ရောက်တွင် အသက်မရှိတော့ ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောသည်။
‘‘သူတို့ဌာနချင်း ချိတ်ဆက်မှုအပိုင်းမှာ ဘာတွေနားလည်မှုလွဲတယ်တော့ မသိဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။
‘‘ဒီခေတ်လောက် ဖုန်းတွေ၊ လမ်းလျှောက် စကားပြောစက် တွေပေါတဲ့ခေတ်မှာ ဒီလိုအဖြစ် မျိုးဖြစ်တာကတော့ ခွင့်လွှတ်နိုင်စရာကို မရှိဘူး။ တာဝန်ယူ ကြီးကြပ်သူမှာ လုံးလုံးတာဝန်ရှိတယ်’’ဟု အထက်ပါ ဖြစ်ရပ်အ ပေါ် လူမှုကွန်ရက် သုံးစွဲသူတစ်ဦး က မှတ်ချက်ပြုထားသည်။
ရေကြည်မြို့အပါအဝင် အနီးဝန်းကျင်မြို့များတွင် အောက်တိုဘာ ၃ ရက်က တစ်နေကုန် မီးပြတ်ကာ ယင်းကိစ္စကို လွှတ် တော်ကိုယ်စားလှယ်များနှင့် မြို့ နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးခဲ့သည်။
ရန်ကုန်မြို့တွင် ရှစ်တန်း ကျောင်းသားတစ်ဦး ဓာတ်လိုက် သေဆုံးမှုအတွက် သက်ဆိုင်သည့် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်အရာရှိနှင့် ဝန်ထမ်းခုနစ်ဦးကို ဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာတွင် အရေးယူခဲ့သည်။
7Day







0 comments:
Post a Comment