Wednesday, October 3, 2018

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံပွဲကို ယခုလ၁၅ ရက်နေ့တွင် ပြုလုပ်ရန် လျာထား



ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေသည့် အချက်များကိုညိနှိုင်းဆွေးနွေးအဖြေရှာနိုင်ရန်အတွက် အစိုးရ၊ တပ်မတော်နှင့် NCAလက်မှတ်ထိုးအဖွဲ့များမှ ထိပ်သီးခေါင်းဆောင်းများ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ရက်နေ့တွင် ပြုလုပ်နိုင်ရန်လျာထား ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌရဲဘော်မျိုးဝင်းက The Ladies News သို့ပြောကြားသည်။ 

  
အောက်တိုဘာလ ၁ရက်နေ့မှ ၂ရက်နေ့အထိ ရန်ကုန် မြို့ရှိ NRPC ရုံးတွင် အစိုးရနှင့် NCA လက်မှတ်ထိုးထိပ်သီးခေါင်းဆောင်များ အလွတ်သီးသန့်တွေ့ဆုံပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့သည်။ 
  
အဆိုပါအစည်းအဝေးတွင် အစိုးရဘက်မှထိပ်သီးခေါင်း ဆောင်များတွေ့ဆုံပွဲကို အောက်တိုဘာလ ၁၅ရက်နေ့ တွင်ပြုလုပ်ရန်အဆိုပြုထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌရဲဘော်မျိုးဝင်းကပြောကြားခြင်းဖြစ်သည်။
  
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းက " ထိပ်သီးတွေ တွေ့ဖို့လျာထား ထားကြတာတော့ ၁၅ရက်နေ့ကို လျာထားထားကြတယ်။ ဒါပေမယ့်မသေချာသေးဘူး။ဆွေးနွေးရအုံးမယ်"ဟုဆိုသည်။ 
  
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစု ပင်လုံအစည်းအဝေးတွင်ဆွေးနွေးနိုင်ခြင်းမရှိဘဲတစ်ဆို့မှုများဖြစ် ပေါ်နေသည့် ပြည်ထောင်စုမှခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များကို ထိပ်သီးခေါင်းဆောင်များတွေ့ ဆုံညှိနှိုင်းအဖြေရှာရန်အတွက်NCAလက်မှတ်ထိုးအပစ်ရပ်အဖွဲ့များက အစိုးရထံတောင်းဆိုထားခြင်းဖြစ်သည်။ 
  
ထိပ်သီးခေါင်းဆောင်များအလွတ်သီးသန့်တွေ့ဆုံပွဲကျင်းပနိုင်ရေးအတွက်အကြိုညှိနှိုင်းအစည်းအဝေးတွင် တစ်ဆို့နေသည့် အချက်များကို ဆွေးနွေးခြင်းမရှိဘဲထိပ်သီးများတွေ့ဆုံပွဲဖြစ်မြောက်ရေးကိုသာ အဓိကထားဆွေး နွေးခဲ့ကြသည်ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။ 
" ဒီအကြောင်းတွေကိုတော့ မဆွေးနွေးကြသေးဘူး။ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက်ကိုပဲ အဓိကဦးတည်ပြီး ညှိတာ" ဟု ၄င်းက ဆိုသည်။ 
  
အကြိုညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့်ထိပ်သီးခေါင်းဆောင်များတွေ့ ဆုံရန် အစိုးရဘက်မှ ဆိုပြုထားသည့် လျာထားရက် ကိစ္စတို့ကို NCAလက်မှတ်ထိုးအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) သို့တင်ပြကာ ၄င်း ၏ဆုံးဖြတ်ချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ 
  
ထိပ်သီးခေါင်းဆောင်များတွေ့ဆုံနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးတွင် အစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့ ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာ န(NRPC)ဒုဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းက ဦးဆောင်ပြီး NCA လက်မှတ်ထိုးအပစ်ရပ်အဖွဲ့များ၏ ကိုယ်စားလှယ်အဖွဲ့ကိုမူ ကရင်အမျိုးသားအစည်းရုံး (KNU) ဒုဥက္ကဋ္ဌ ဖဒိုစောကွယ်ထားကဦးဆောင်ကာ ဆွေးနွေးခဲ့ကြောင်းသိရသည်။ 
  
အောင်ရဲနောင် 
The Ladies News

0 comments:

Post a Comment