မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင်မှာ ကုမ္ပဏီတခုပိုင်မြေပေါ်က အိန္ဒိယဘုရားကျောင်းပိုင်နက် အငြင်းပွားမှုနဲ့ပတ်သက်လို့ ဆူပူရမ်းကားအကြမ်းဖက်တဲ့ လူ ၂၁ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
တနင်္လာနေ့မနက်က၊ ဆီလမ်ဂေါပြည်နယ်အလယ်ပိုင်း ဂျာယမြို့နယ်မှာရှိတဲ့ သီရိမဟာ မာရီယမ်မန်း ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းနေတဲ့ အိန္ဒိယလူမျိုးတွေကို လူအုပ်စုတစုက ဝင်ရောက်တိုက်ခိုက်ပြီး၊ ကားတွေကို မီးရှို့လိုက်ပါတယ်။ အဲဒီကျောင်းကို One City Development ကုမ္ပဏီက ပိုင်တယ် လို့ဆိုပါတယ်။
နောက်နေ့ အင်္ဂါနေ့မနက်မှာတော့ တခြားအုပ်စုတစုက လက်စားချေတဲ့အနေနဲ့ အဲဒီဘုရားကျောင်းနားက ကုမ္ပဏီပိုင်ရုံးကိုဖျက်ဆီးပြီး၊ ကားတွေမီးရှို့လိုက်ပါတယ်။
ဒီဖြစ်ရပ်ဟာ ဘာသာ လူမျိုး ပဋိပက္ခဖြစ်တယ်လို့ လူမှုကွန်ယက်မှာ ပျံ့နှံ့သွားတဲ့အတွက် အာဏာပိုင်တွေက အချိန်မီ ဖြေရှင်းခဲ့ရပါတယ်။ ကား ၁၀ စီးကျော်မီးရှို့ခံရပြီး၊ ရဲအင်အား ၇၀၀ ကျော်ချထားလိုက် တယ်လို့ ရဲအရာရှိကပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းစစ်ဆေးချက်အရ လူမျိုးရေး၊ ဘာသာရေးပြသနာမဟုတ်ဘဲ၊ ရာဇဝတ်ကျူးလွန်မှုဖြစ်တယ်လို့ ဝန်ကြီးချုပ်မဟာသီယာရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
AP Photo/Vincent Thian
RFA







0 comments:
Post a Comment