တားမြစ်ဧရိယာအတွင်း တရားမဝင် အမဲလိုက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ထိုင်းဘီလျံနာ သူဌေးကြီး Premchai Karnasuta ရဲ့အမှုကို လပေါင်းများစွာကြာမြင့်ပြီးနောက် မနေ့က စတင် စစ်ဆေးခဲ့ပါတယ်။
အီတာလျံ- ထိုင်း (ITD) ဆောက်လုပ်ရေးလုပ်ငန်းရှင် ပရန်ချိုင်း ဟာ ကန်ချနဘူရီ ပြည်နယ်က သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် အမဲလိုက်မှုနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးခံခဲ့ရပါတယ်။
သူ့ကို ဝန်ထမ်း ၃ ဦးနဲ့အတူ တောပစ်သေနတ်နဲ့ လက်နက်ခဲယမ်းတွေ၊ ပစ်ခတ်ထားတဲ့ ကျားသစ်နက် တကောင်၊ ရစ်တကောင်တို့နဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
သူ့ကို သဘာဝတောရိုင်းဧရိယာအတွင်း ခွင့်ပြုချက်မရှိဘဲ အမဲလိုက်မှု၊ သဘာဝသယံဇာတ ပျက်စီးစေမှု၊ တရားမဝင်အမဲလိုက်သေနတ်ကိုင်ဆောင်မှု၊ တရားမဝင် တောရိုင်းတိရစ္ဆာန် သတ်ဖြတ်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။
ဒါပေမဲ့ ကျားသစ်နက်ကို သူမသတ်ခဲ့ကြောင်း ငြင်းဆိုခဲ့တဲ့နောက် ရဲက သူ့ကို အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။
ဒီအမှု နဲ့ပတ်သက်ပြီး တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့တွေက ဆန္ဒပြခဲ့ကြသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေကလည်း သူဟာချမ်းသာပြီး အဆက်အသွယ်ကောင်းသူဖြစ်တာကြောင့် အမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြပါတယ်။
တရားရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ သူဌေးကြီး ကာနာစုတာက ရုံးချိန်းကို သူမတက်ရောက်လိုကြောင်း၊ သူမပါဘဲ အမှုကို စစ်ဆေးစေလိုကြောင်း တရားသူကြီးကို လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။
သူ့အမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၁၀ နှစ်အောက်သာဖြစ်တဲ့အတွက် တရားရုံးကလည်း ခွင့်ပြုနိုင်တယ်လို့ သိရပါတယ်။
AP Photo/Sakchai Lalit
RFA







0 comments:
Post a Comment