Thursday, November 1, 2018

ထိုင်းတွင် မီးဖွားပြီးစမြန်မာအလုပ်သမကို ဖမ်းဆီးထားမှု ကန့်ကွက်သဖြင့် ပြုစုထိန်းသိမ်းရေးဌာနသို့ ပြောင်းရွှေ့


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားအမျိုးသမီးတစ်ဦးသည် ကလေးမီးဖွားပြီးငါးရက် အကြာ၌ ထိုင်းရဲတပ်ဖွဲ့ကဖမ်း ဆီးခဲ့ပြီး ထိုင်းနိုင်ငံသားအချို့၏ ကန့်ကွက်မှုကြောင့် ပြုစုထိန်း သိမ်းရေးဌာနသို့ ပြောင်းရွှေ့ထား ရှိသည်။ 
ချင်းမိုင်ဆေးရုံ၌ ကလေး မီးဖွားနေသည့် မြန်မာလုပ်သား အမျိုးသမီးတစ်ဦးသည် မီးဖွားပြီး ငါးရက်အကြာ အောက်တိုဘာ ၃၁ ရက်တွင် ကလေးမွေးစာရင်း ပြုလုပ်ရန် မြို့နယ်ရုံးသို့သွား ရောက်ရာ ပတ်စ်ပို့နှင့်အထောက် အထားစာရွက်မပြနိုင်၍ တရား မ၀င်နေထိုင်သည်ဆိုကာ ထိုင်း နိုင်ငံလူဝင်မှုကြီးကြပ်ရေးရဲတပ် ဖွဲ့က ဖမ်းဆီးခြင်းဖြစ်သည်။ 

ကလေးမီးဖွားပြီးစမိခင်ကို ဖမ်းဆီးချုပ်နှောင်မှုကြောင့် ထိုင်း နိုင်ငံသားအချို့က ကန့်ကွက်မှု များရှိနေပြီး မြန်မာလုပ်သားအမျိုးသမီးနှင့်ကလေးကို ချုပ်နှောင် ထားသောရဲစခန်းသို့ လာရောက် စုံစမ်းမေးမြန်းမှုများ ပြုလုပ် ကြောင်း ချင်းမိုင်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်အစည်းအရုံးမှ ကိုဂျော်နီက ပြောသည်။ 

‘‘ရွှေ့ပြောင်းလုပ်သားတွေ ကလေးမွေးတဲ့ဆေးရုံပေါ့။ ထိုင်း ဥပဒေအရ မွေးပြီး ၁၅ ရက်အ တွင်း မွေးစာရင်းသွားတိုင်ရ တယ်။ အဲဒီလိုသွားရာမှာ သူ့မှာ အထောက်အထားမစုံတဲ့အတွက် ဖမ်းဆီးလိုက်တာလို့ ရဲမှူးကြီးက ပြောတယ်’’ ဟု ကိုဂျော်နီက ပြော သည်။ ထိုင်းနိုင်ငံသား အချို့၏ ကန့်ကွက်မှုကြောင့် ယမန်နေ့ (နို ၀င်ဘာ ၁ရက်)တွင် မိခင်နှင့် ကလေးကို ထိုင်းအစိုးရ၏ ပြုစု ထိန်းသိမ်းရေးဌာနသို့ ပြောင်းရွှေ့ ထားရှိကြောင်း ကိုဂျော်နီက ပြော သည်။ 

‘‘ထိုင်းလူမျိုးတွေက ရဲစခန်း မှာ လာမေးနေကြတယ်။ အများ ကြီးပဲ။ မိခင်နဲ့ကလေးအခြေအနေ သိရအောင်လို့ပေါ့’’ ဟု ၎င်းက ဆက်လက်ပြောသည်။ 

‘‘သတင်းတော့အတည်မပြု ရသေးပါဘူး။ မနက်ဖြန်မှာစုံစမ်း ပြီး လုပ်ဆောင်ပေးမှာပါ’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးဆန်း မောင်ဦးက နိုဝင်ဘာ ၁ ရက်ည တွင် ပြောသည်။ 

လက်ရှိတွင် ထိုင်းအစိုးရ သည် အမျိုးသားလုံခြုံရေးစီမံချက် နှင့် နိုင်ငံခြားသားလုပ်သားများ ကို ဧည့်စာရင်းဥပဒေသစ်အ ကြောင်းပြကာ မြန်မာလုပ်သား များအပါအ၀င် နိုင်ငံခြားသား လုပ်သားများကို အောက်တိုဘာ ၁ ရက်ကစတင်၍ အရှိန်အဟုန် ဖြင့် စစ်ဆေးဖမ်းဆီးနေသည်။ အောက်တိုဘာအတွင်း မြန်မာ လုပ်သား ၂,၅၀၀ ကျော် ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

7Day

No comments:

Post a Comment