Tuesday, November 27, 2018

တရုတ်ပြည်က သန္ဓေသား မျိုးဗီဇ ပြောင်းလဲ မွေးဖွားခဲ့မှု ဆေးရုံ ငြင်းဆို


တရုတ်ပြည်မှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ သန္ဓေသားလောင်း ရဲ့DNA မျိုးဗီဇ ကို ပြောင်းလဲ မွေးဖွားပေးခဲ့တယ် ဆိုတဲ့ ကိစ္စကို သက်ဆိုင်ရာဆေးရုံက ငြင်းဆိုလိုက်ပါတယ်။ 
ကိုယ်ခံအား ကျဆင်းတဲ့ HIV ရောဂါ ကူးစက်ခံရနိုင်ခြေရှိနေတဲ့ သန္ဓေသား အဆင့် မိန်းကလေးအမွှာ ကို တရုတ်ဆေးပညာပါမောက္ခတဦးက ရောဂါ မကူးစက်နိုင်အောင် DNA မျိုးဗီဇ ကို ပြောင်းလဲ မွေးဖွားပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီကိစ္စပေါ် တရုတ်ဆေးပညာအသိုင်းအဝန်းက ကျင့်ဝတ်နဲ့မညီကြောင်း ကန့်ကွက်ခဲ့ကြသလို၊ အဲဒီဆရာဝန် မျိုးဗီဇပြောင်းလဲပေးခဲ့တယ် ဆိုတဲ့ ဆေးရုံကလည်း အဲဒီလိုဆောင်ရွက်မှုမျိုး ဆေးရုံမှာ မဖြစ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒီကိစ္စ ရဲ ကို စုံစမ်းခိုင်းမယ်လို့လည်း ဆိုပါတယ်။ 

အခုလို သန္ဓေသားလောင်း ရဲ့DNA မျိုးဗီဇ ကို ပြောင်းလဲတာဟာ လုပ်သင့်လုပ်ထိုက်တဲ့အချိန် မဟုတ်သေး ကြောင်း ဝေဖန်နေကြသလို၊ အလွန်အန္တရာယ်ကြီးမားကြောင်းလည်းပြောဆိုကြပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ပြည်က ပညာရှင်တွေအများစုပါဝင်တဲ့ သိပ္ပံပညာရှင်တွေက ဒီလုပ်ရပ်ဟာ ကျင့်ဝတ် နဲ့မညီပဲ ရူးနှမ်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။ 

Photo: AFP
RFA

0 comments:

Post a Comment