Tuesday, November 27, 2018

မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာ အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်းပြပွဲ


မကြာခင်ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ ၇ ကြိမ်မြောက် နိုင်ငံတကာ အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်း ပြပွဲမှာ နိုင်ငံစုံက ကမ္ဘာကျော်ထိပ်တန်း အဝတ်အထည် တံဆိပ်ပေါင်း ၁၃ဝ ကျော် ပါဝင်ပြသမယ်လို့ သိရပါတယ်။ 
ဒီဇင်ဘာလ ၆ ရက်နေ့ကနေ ၉ရက်နေ့အထိ လေးရက်ကြာ ကျင်းပမယ့် အဲဒီပြပွဲမှာ တရုတ်၊ ဂျာမဏီ၊ ဟောင်ကောင်၊ ဂျပန်၊ အိန္ဒိယ၊ မလေးရှားနဲ့ စင်္ကာပူ အပါအဝင် နိုင်ငံအတော်များများက လာရောက်ပြသကြမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ လာမယ့် ငါးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာမယ့် အလားအလာရှိတယ်လို့ ခန့်မှန်းကြပါတယ်။ 

မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းခွင်တခုကို တွေ့ရစဉ်။
RFA

0 comments:

Post a Comment