Tuesday, November 27, 2018

အင်းစိန်မြို့နယ်တွင် ဓား၊ မှိန်းတို့ဖြင့် အုပ်စုဖွဲ့ထိုးခုတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ



ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် အုပ်စုဖွဲ့ခိုက်ရန် ဖြစ်ရာမှ ဓား၊ မှိန်းတို့ဖြင့် ထိုးခုတ်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။ 
ဖြစ်စဉ်မှာ အင်းစိန်မြို့နယ် မြို့သစ် (က+ခ) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်....(၄၂ နှစ်) သည် နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီခွဲခန့်က နေအိမ်တွင် ရှိနေစဉ် ၎င်း၏ မတ်တော်စပ်သူ ယဉ်ထွေး (၃၆ နှစ်) မှာ မြို့ သစ်(က+ခ) ရပ်ကွက်၊ (က-၁) လမ်း အောက် ပိုင်းတွင် ရိုက်နှက်ခံရကြောင်း သိရသဖြင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦး....(၄၀ နှစ်) အပါအဝင် မတ်ဖြစ်သူ၊ တူဖြစ်သူတို့နှင့်အတူ အဆို ပါနေရာသို့ လိုက်သွားခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။ 

ထိုသို့ လိုက်သွားခဲ့ရာ ယင်းနေရာသို့အရောက် မတ်တော်စပ်သူမှာ ရှိုးလေးဆိုသူ တို့အဖွဲ့နှင့် စကားများရန်ဖြစ်နေသည်ကို တွေ့ရှိခဲ့သဖြင့် နေအိမ်သို့ပြန်လည် ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ 

ပြန်လည်ခေါ်ဆောင်လာစဉ် ရှိုးလေး၊ သီဟနိုင် ဆိုသူတို့ အပါအဝင် ငါးဦးခန့်က ဓားများ၊ မှိန်းများကိုင်ဆောင်၍ နောက်မှလိုက်လာပြီး နေအိမ်ရှေ့လမ်းသို့အရောက်တွင် ဓား၊ မှိန်းတို့ဖြင့် ၀ိုင်းဝန်း ထိုးခုတ်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။ 

ထိုသို့ ဓား၊ မှိန်းတို့ဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့သဖြင့် ဒေါ်....(၄၂ နှစ်) ၏ ခင်ပွန်းဖြစ်သူ ဦး....(၄၀ နှစ်) မှာ လည်ချောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ လက်မောင်းထိုးသွင်းဒဏ် ရာတစ်ချက်၊ လက်ဖျံထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ဒေါ်....(၄၂ နှစ်) ၏ မတ်တော်စပ်သူ ဦးလူဇော်တွင် ရင်ဘတ်ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိကာ အင်းစိန်ဆေးရုံတွင် အတွင်းလူနာအဖြစ်လည်းကောင်း၊ တူဖြစ်သူ ရန်လင်းထွန်းတွင် လက်ဖျံပြတ်ရှ ဒဏ်ရာတစ်ချက်၊ မတ်ဖြစ်သူ ယဉ်ထွေးတွင် ချိုစောင်း ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ညှပ်ရိုးပွန်းစုတ် ဒဏ်ရာတစ်ချက်တို့ရရှိခဲ့ကာ အင်းစိန်ဆေးရုံတွင် ပြင်ပလူနာများအဖြစ် လည်းကောင်း အသီးသီးတင်ပို့ကုသထားရကြောင်း သိရသည်။ 

“ကျူးလွန်သူတွေထဲက သီဟနိုင်ဆိုတဲ့ တစ်ယောက်ကိုတော့ ဖြစ်ပြီးပြီးချင်း နာရီပိုင်းမှာပဲ ဖမ်းမိပါတယ်။ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းအထိတော့ စုစုပေါင်းငါးယောက် ဖမ်းမိထားပါတယ်။ ဆီးသီးခူးတဲ့ကိစ္စကနေ စဖြစ်ကြတယ်လို့ ကနဦးစစ်ဆေးချက်အရ သိရပါတယ်” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်ကို အင်းစိန်မြို့မရဲစခန်း က (ပ)၂၄၃၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆^/ ၃၂၄/ ၁၁၄ ဖြင့် အမှုဖွင့်ခဲ့သည်။ ပြစ်မှုကျူးလွန်သူများအား လိုက်လံစုံစမ်းမှုအရ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်နေ ကျူးလွန်သူ သီဟနိုင် (၁၇ နှစ်) အား ကမ်းနားအနောက်ရပ်ကွက်၊ သဒ္ဒါသုခလမ်းသွယ်အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဖမ်းဆီးရမိသူ သီဟနိုင်အား စစ်ဆေးရာ အောင်ရှိုးလေး(ခ)ရှိုးလေးပါ လေးဦးမှာ အငှားယာဉ်ဖြင့် ထွက်ပြေးသွားကြောင်း သိရှိရ၍ လိုက်လံစုံစမ်းရှာဖွေရာ နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီခန့်တွင် ကြို့ကုန်းအရှေ့ရပ်ကွက်၊ (၈)လမ်းမြောက် လမ်းအတွင်းရှိ ကားဝပ်ရှော့ဆိုင်တစ်ဆိုင်တွင် ကျူးလွန်သူများဖြစ်သော အင်းစိန်မြို့နယ် နေသူများဖြစ်သည့် အောင်ရှိုးလေး(ခ)ရှိုးလေး(၂၃)နှစ်၊ ထွန်းလင်းဦး(ခ)ဗျောကြီး(၂၀)နှစ်၊ အောင်သူရ(၂၀)နှစ်၊ သက်ဦး(၂၄)နှစ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 


Eleven Media Group


0 comments:

Post a Comment