Sunday, November 4, 2018

ထိုင်းထုတ် အိတ်ခ်ျအိုင်ဗီဆေးကို ဒဗလျူအိတ်ခ်ျအို ထောက်ခံချက်ပေး



ထိုင်းနိုင်ငံ အစိုးရဆေးဝါးစက်ရုံ(GPO) က ထုတ်လုပ်တဲ့ HIV ပဋိဇီဝဆေးကို ကမ္ဘာ့ကျန်းမာရေးဖွဲ့( WHO)က ထောက်ခံချက်ပေးတာကြောင့် GPOဟာ ပြည်ပမှာ ဖြန့်ဖြူးရောင်းချပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ထိုင်းထုတ် Efavirenz ဆေးဝါးဟာ WHO ထောက်ခံချက်ရရှိထားတဲ့ ပထမဆုံး ထိုင်းနိုင်ငံထုတ်နဲ့ ပထမဆုံး အာဆီယံတစ်နိုင်ငံကထုတ်တဲ့ ဆေးဝါးဖြစ်တယ်လို့ GPO ဥက္ကဌ ဆိုပွန်မတ်သွန်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ ဂလိုဘယ်လ်ဖန်း၊ ယူနီဆက်ဖ်လို နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတွေအနေနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းပြည်တွေမှာ သုံးစွဲဖို့ မှာယူနိုင်ကြောင်း သူကပြောပါတယ်။

WHO က သြဂုတ်လမှာ ထောက်ခံချက်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။



HIV ဗိုင်းရပ်စ်တွေ့ရှိတာနဲ့ အဆိုပါလူနာအားလုံးကို Efavirenz ဆေးကို တိုက်နိုင်ကြောင်း ဒေါက်တာဆိုပွန်က ပြောပါတယ်။

သည်ဆေးကို ၁၆ နှစ်ကြာ အချိန်ယူပြီးထုတ်လုပ်ခဲ့ရကြောင်း GPO ဒုဥက္ကဌ မက်ဒမ်ဗင်ပရာကိုဘတ်တာယက်ကီကပြောကြားခဲ့ပါတယ်။
ပြည်တွင်းမှာ ၆၀၀ မီလီဂရမ်ဆေးပြား အလုံးခြောက်ဆယ်ပါတဲ့ ဘူးတစ်ဘူးကို ၁၈၀ ဘတ်နဲ့ ရောင်းချလျက်ရှိပြီး ပြည်ပကို တစ်ဘူးကို ဘတ် ၁၀၀ ကျော်ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

WHO ထောက်ခံချက်ရရှိအပြီးမှာ သည်ဆေးဝါးကို မှာယူနိုင်အောင် ဆေးကို မှတ်ပုံတင်ဖို့ အခြားနိုင်ငံတွေက ပြောဆိုကြကြောင်း မစ္စ မူဒန်ဗန်ကပြောပါတယ်။

ဥပမာအနေနဲ့ ဖိလစ်ပိုင်နဲ့ ကာရစ်ဘီယံတိုင်းပြည်တွေက ဆေး ဘူးပေါင်း ၃၀၀ ၀၀၀ ကို ဘတ် ၅၁ သန်းနှုန်းနဲ့ ဝယ်ယူဖို့ စီစဉ်ထားကြပါတယ်။

GPO အနေနဲ့ သည်နှစ်အတွင်းမှာ Efavirenz ဆေးအလုံး ၄၂သန်းထုတ်လုပ်မှာဖြစ်ပါတယ်။ သည်ပမာဏဟာ GPO ရဲ့ထုတ်လုပ်နိုင်စွမ်းရဲ့ ၂.၅%သာရှိကြောင်း သူကပြောပြပါတယ်။




0 comments:

Post a Comment