Tuesday, November 27, 2018

မူမမှန်တဲ့ရောဂါဝေဒနာတွေဖြစ်လာတာကြောင့် ရင်သားခွဲစိတ်ပြုပြင်တဲ့ အမျိုးသမီးနှစ်ဦးက ဆရာဝန်ကို တိုင်ချက်ဖွင့်


ထိုင်းနိုင်ငံ ပက်သမ်သာနီပြည်နယ်ရှိ ရင်သားခွဲစိတ်ပြုပြင်ရေးဋ္ဌာနတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ဦးကို အရေးယူပေးဖို့  လူနာအမျိုးသမီးနှစ်ဦးက ရာဇ၀တ်မှုနှိမ်နင်းရေးဋ္ဌာနကို နိုဝင်ဘာ ၂၇ ရက်နေ့ မှာ တိုင်ကြားခဲ့ကြောင်း သိရပါတယ်။ 
  
ရင်သားကြီးထွားအောင် ခွဲစိတ်ကုသမှုခံယူခဲ့အပြီးမှာ သူတို့ ရဲ့ ရင်သားတွေဟာ ပြင်းထန်တဲ့ ရောဂါပိုးကူးစက်မှုတွေခံခဲ့ရကြောင်း အမျိုးသမီးနှစ်ဦးက ပြောဆိုခဲ့ပါတယ်။ ကွန်ပျူတာမှာ သတင်းအချက်အလက်အမှားတွေပေးပြီး နားလည်မှုလွဲစေတဲ့ ကြော်ငြာမှုလုပ်ခဲ့ခြင်းဖြင့် ယင်းဆေးခန်းရဲ့  ပိုင်ရှင်ဟာ လိမ်လည်ခဲ့ကြောင်း သူတို့ က စွပ်စွဲခဲ့ပါတယ်။ 
  
အသက် ၃၇ နှစ်အရွယ် ထရီတစ် ဘွန်ကူရာအမည်ရ အမျိုးသမီးက ဆေးခန်းရဲ့  ကြော်ငြာဟာ ယုံကြည်လောက်စရာဖြစ်သလို ကုသစရိတ်ကလည်း နည်းတာကြောင့် စိတ်ဝင်စားစရာဖြစ်ခဲ့တယ်လို့  ဆိုခဲ့ပါတယ်။ သူမအနေနဲ့  သြဂုတ် ၃ ရက်နေ့ က ရင်သားခွဲစိတ်ပြုပြင်ခဲ့မှုအတွက် ဘတ် ၃၆၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း သြဂုတ် ၆ ရက်နေ့ မှာတော့ သူမရဲ့ ရင်သားတွေ ရောင်ကိုင်း နီရဲလာပြီး ပြည်တွေထွက်လာတာကြောင့် ဆေးခန်းကို ထပ်သွားပြခဲ့ရာမှာ အထွေထွေဝန်ထမ်းတွေကိုသာတွေ့ ခဲ့ရပြီး ဆရာဝန်ကို မတွေ့ ခဲ့ဘူးလို့ ဆိုပါတယ်။ ယင်းဆေးခန်းရဲ့  စီမံခန့် ခွဲရေးဋ္ဌာနက သူမကို ကုသမပေးနိုင်ဘူးလို့  ငြင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်။ သူမရဲ့ ရောဂါဝေဒနာတွေ ပိုမိုပြင်းထန်လာတာကြောင့် ဆေးရုံတစ်ခုမှာ ၉ ရက်ကြာ ကုသမှုခံယူခဲ့ရတယ်လို့  မစ္စထရီတစ်က ဆိုပါတယ်။ 
  
သူတို့ နှစ်ယောက်ကို ခွဲစိတ်ကုသပေးခဲ့တဲ့ ဆရာဝန်ဟာ အထွေထွေရောဂါကုဆရာဝန်တစ်ဦးသာဖြစ်ပြီး အလှအပရေးရာ ခွဲစိတ်ဆရာဝန်တစ်ဦးမဟုတ်ကြောင်း အမျိုးသားနှစ်ဦးနဲ့ အတူ လိုက်ပါလာတဲ့ ရှေ့ နေဖြစ်သူက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီအမျိုးသမီးနှစ်ဦးလိုပဲ အလားတူပြဿနာတွေဖြစ်ပွားခဲ့ဖူးတဲ့ အခြားလူနာများစွာရှိခဲ့ဖူးတယ်လို့ လည်း ဆိုပါတယ်။ ဒီဆေးခန်းဟာ အခုလိုကုသမှုမျိုးအတွက် လိုင်စင်ရထားခြင်းရှိ မရှိစစ်ဆေးပေးဖို့  ရှေ့ နေဖြစ်သူက ကျန်းမာရေးဝန်ဆောင်မှုဋ္ဌာနကို မေးမြန်းသွားမယ်လို့ ဆိုပါတယ်။ အခုချိန်မှာ ယင်းဆေးခန်းရဲ့ အမည်နဲ့ ပိုင်ရှင်ရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူးလို့  သိရပါတယ်။ 

Ref : ဘန်ကောက်ပို့ စ် 
ကိုလင်း (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment