Wednesday, November 28, 2018

အဖျောက်မြို့တွင် မြစ်ကမ်းပါးပြို၍ အိမ်ထောင်စု ၆၃ စု လူဦးရေ ၂၅၀ ကျော် အရေးပေါ် ပြောင်းရွှေ့


တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ပန်းတုန်းပိတ်ကျေးရွာတွင် နိုဝင်ဘာ ၁၃ ရက်နေ့ ကစတင်၍ မြစ်ကမ်းပါးများ ဆက်တိုက်ပြို ကျနေသောကြောင့် အိမ်ထောင်စု ၆၃စု လူဦးရေ ၂၅၀ ကျော် ဘေးလွတ်ရာကို အရေးပေါ် ပြောင်းရွေ့နေရပြီး နေစရာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ 
“မြစ်ကမ်းပါးတွေက နေ့ဘက်ထက် ညဘက်တွေမှာအပြိုများပြီး တစ်ခါပြိုရင် ပေ ၂၀ ကနေ ပေ ၃၀ အထိပြိုကျလို့ စိုးရိမ်ဖွယ်ရာ ဖြစ်တယ်။ ကမ်းပြိုလို့ကျွန်တော်ဘေးက သစ်သားအိမ်တစ်လုံး၊ ဝါးအိမ်တစ်လုံးနဲ့ ကျွန်တော့မုန့်ဖိုတစ်လုံးရေထဲပါသွားတယ်။ ကမ်းကအက်ကြောင်းပေးလာပြီး ၁၅ မိနစ်လောက်ကြာရင်ပြို တာ။ အလုံးလိုက်ပြို ပြီးရေကဆွဲချသွားတာ။ ဘာပစ္စည်းမှာယူချိန်မရလိုက်ဘူး။ အခုပြိုတဲ့အထဲမှာမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ထားတဲ့ မြေထိန်းနေရာတွေပါတယ်။ တာဝန်ရှိသူတွေတော့လာကြည့်သွားတယ်။ ပြောင်းရတဲ့မိသားစုတွေကနေစရာမရှိလို့ လမ်းမပေါ်တွေ၊တာဘောင်ဘေးနဲ့သူများခြံတွေထဲမှတောင်းနေရတယ်" လို့ ပန်းတုန်းပိတ်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ 

“သက်ဆိုင်ရာ မြို့နယ်ကို စာတင်ပြောဆိုထားပြီး နေရာချထားပေးဖို့ကို တောင်းဆိုထားပေမယ့် ခုချိန်ထိတော့ ဘာမှာပြောဆိုတာမရှိသေးဘူး။ ကမ်းပြို တဲ့နေရာကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလာလို့ ကျွန်တော်တင်ပြတောင်းဆိုထားပါတယ်။ သူတို့ကတော့လုပ်ပေးမယ်လို့တော့ပြောသွားတယ်။ ခုချိန်မှာကမ်းပြိုလို့ပြောင်းရွှေ့နေရပြီးနေစရာ အခက်အခဲဖြစ်နေတဲ့အိမ်ထောင်စု (၁၅၀)ရှိတယ်။စေတနာရှင်အဖွဲ့တွေနဲ့ လူကယ်ပြန်ကတော့ ထောက်ပံမူတွေပြုလုပ်ပေးနေပါတယ်” လို့ ကျေးရွားအုပ်ချူ ပ်ရေးမှူးဦးသိန်းတန်ကပြောပါတယ်။ 

"ကမ်းပြိုလို့ပြောင်းရွေ့ပြီး နေစရာအခက်အခဲဖြစ်နေတဲ့ မိသားစုတွေကိုပြန်နေရာချထားပေးဖို့အစိုးရမှာ တာဝန်ရှိတယ်။ ကျေးရွာအနီးအနားမှာအစိုးရပိုင်မြေဖြစ်တဲ့ စားကျက်မြေတို့မြေလွတ်မြေရိုင်းတို့မရှိတဲ့အတွက် နေရာချထားပေးနိုင်ခြင်းမရှိဘူး။ ဒါပေမဲ့ ကမ်းပြိုမိသားစုတွေလယ်မြေတွေကိုပြန်ဝယ်ပြီးနေမယ်ဆို အခြားနည်းသုံးစွဲခွင့်ရဖို့ကူညီးပေးပါမယ်။ အခုကိစ္စလွှတ်တော်တင်ရမယ်အဆင့်အထိမရှိပါဘူး။ သက်ဆိုင်ရာတွေကို အကူအညီတောင်းခံပေးသွားပါမယ်"တိုက်ကြီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မြင့်က ပြောပါတယ်။ 

၂၀၁၆ ခုနှစ် ၄ လပိုင်းကစတင်ပြီး နိုင်ငံတော်ဘတ်ဂျတ် ၁.၅ ဘီလီယံ အကုန်ခံပြီး အဖျောက်မြို့တွင်မြစ်ကမ်းဆယ်ခြင်းများ၊ ကမ်းထိန်းလုပ်ငန်းများ လုပ်ကိုင်နေပြီး ၂၀၁၈ နိုဝင်ဘာတွင်ပန်းတုန်းပိတ်ကျေးရွာက ကမ်းပြိုကျမူတွင် ပေ ၃၀၀ ကျော် ပြိုကျခဲ့ပြီး သိန်းပေါင်း သုံးထောင်ကျော် ဆုံးရှုံးခဲတယ်လို့ မြစ်ကမ်းထိန်းသိမ်းရေးဌာနက သိရပါတယ်။ ပန်းတုန်း ပိတ်ကျေးရွာတွင် အိမ်ထောင်စု ၃၅၀ကျော်ရှိပြီး၂၀၁၄ခုနှစ်ကစတင်၍မြစ်ကမ်းပါပြိုကျတာတွေကြောင့် အိမ်ထောင်စု ၁၅၀ ကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး နီးစပ်ရာနေရာတွေပါနေထိုင်နေရတာပါ။ နိုဝင်ဘာ ၁၃ ရက်နေ့ကညအချိန် မြစ်ကမ်းပါးများ ပြိုကျခဲ့တာကြောင့် နေအိမ်နှစ်လုံးရေထဲပါသွားခဲ့ပြီး အိမ်ထောင်စု ၆၃ စု လူဦးရေ ၂၆၀ကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး နေစရာအခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။ 

မေဆု 

Isee Media 

0 comments:

Post a Comment