Tuesday, November 27, 2018

အင်းစိန်ဈေးတွင် လက်လုပ်မိုင်း တလုံးတွေ့ရှိ


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်းမြို့နယ်၊ အင်းစိန်ဈေးအတွင်း ယနေ့ (နိုဝင်ဘာ ၂၈) ရက် နံနက်ပိုင်းက လက်လုပ်မိုင်းတလုံးတွေ့ရှိခဲ့ကြောင်း သတင်းရရိသည်။ 
အဆိုပါ လက်လုပ်မိုင်း အင်းစိန်းဈေး (E) ရုံရှိ စက်ချုပ်ဆိုင်တခုတွင် ၀န်ထမ်းတဦးမှတွေ့ရှိ၍ သက်ဆိုင်ရာ စည်ပင်ဈေးတာဝန်ခံ ကိုအကြောင်း ကြားခဲ့ပြီး ထိုမှတဆင့် အထွေထွေအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်တို့ကို ဆက်လက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း၊ အင်းစိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်( )လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်ကပြောသည်။ 

“ကျွန်တော်ဆီကို သတင်းရောက်လာတော့ မနက် ၈ နာရီကျော် ကျော်လောက်ရှိပြီ။ မနက်ခင်းဈေးစဖွင့်တဲ့အချိန် ၇နာရီခွဲနဲ့ ၈နာရီလောက်ဖြစ်လိမ့်မယ်။ လုပ်တာကတော့ မနက်မိုးမလင်းခင်က လုပ်ထားပုံရတယ်။ ဈေးပိတ်ချိန်နဲ့ မိုးမလင်းခင်ဖြစ်မှာပေါ့။ ဒီဇယ်ပုလင်းကို ပုလင်းထဲမှာ သံတိုသံစတွေထည့်ထားပြီးတော့ ၀ါယာကြိုးနဲ့ပလက်မှာ တခါတည်းတွဲထားတာ။ တကယ်လို့ ဆိုင်ကိုဖွင့်လိုက်လို့ ရောက်တဲ့သူက မမြင်ဘူးဆိုရင် ရှော့ရိုက်ပြီး ထပေါက်မဲ့အနေအထားပေါ့”ဟု ဦးဝေဖြိုးဟန်ကပြောသည်။ 

လက်ရှိအချိန်တွင် GE တပ်ဖွဲ့ဝင်များက အဆိုပါ လက်လုပ်မိုင်းကို ဖောက်ခွဲဖျက်စီးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 

လင်းလင်းအောင်

News Watch 


0 comments:

Post a Comment