အပြုသဘောဆောင်တဲ့ ကမ္ဘာ့အင်အားစုနဲ့ ဈေးကွက်ကို ကြိုဆိုတယ်ဆိုတဲ့ တံဆိပ်ပြန်တပ်တဲ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ပင် ကမကထလုပ်တဲ့ တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲကို ရှန်ဟိုင်းမြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
အီဂျစ်နိုင်ငံက စွန်ပလွံသီးကစလို့ စက်ရုံသုံး ယန္တရားတွေထိ နိုင်ငံ ၁၃၀ က ကုမ္ပဏီ သုံးထောင်ကျော်ဟာ သွင်းကုန်ပြပွဲမှာ ခင်းကျင်းရောင်းချပါတယ်။
နိုင်ငံဝန်ကြီးချုပ်တွေရော ရုရှား၊ ပါကစ္စတန်နဲ့ ဗီယက်နမ်က ခေါင်းဆောင်တွေပါ အဲဒီ သွင်းကုန်ပြပွဲကို တက်ရောက်ပါတယ်။
တရုတ်နဲ့ ကုန်သွယ်ရေးစစ် ဆင်နွှဲနေတဲ့ အမေရိကန်ပြည်ထောင်စုကတော့ ဒီ သွင်းကုန်ပြပွဲကို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ အစီစဉ်မရှိပါဘူး။
Photo: ALY SONG / POOL / AFP
RFA







0 comments:
Post a Comment