Thursday, November 29, 2018

ကုလတပ်ဖွဲ့အတွက် တရုတ်စစ်သား ၈ဝဝဝ အဆင်သင့်ရှိပြီ


ကမ္ဘာအနှံ့ကပြဿနာတွေ လျော့နည်းသွားအောင် အားထုတ်နေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့အတွက် တရုတ်တပ်သား ၈ဝဝဝ အဆင်သင့်စုဆောင်းထားပြီလို့ တရုတ်နိုင်ငံက ဒီကနေ့ ပြောလိုက်ပါတယ်။ 
အဲဒီတရုတ်တပ်သား ၈ဝဝဝ ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ အရည်အသွေးစစ်ဆေးမှုကို ပြီးခဲ့တဲ့လက အောင်မြင်ခဲ့တယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနပြောခွင့်ရသူက သတင်းထောက်တွေကို ပြောပါတယ်။ ငြိမ်းချမ်းရေးတပ်သား ၈ဝဝဝ စေလွှတ်ဖို့ လွန်ခဲ့တဲ့သုံးနှစ်က တရုတ်သမ္မတရှီချင်းပင် ကုလသမဂ္ဂမှာ ပေးခဲ့တဲ့ဂတိ တည်ခဲ့ပြီလို့လည်း သူကပြောပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေထဲမှာ တရုတ်ဟာ ငြိမ်းချမ်းရေးတပ်သား အများဆုံး စေလွှတ်ထားပြီး ငွေကြေးအားဖြင့် ဘီလျံပေါင်းများစွာ ဒုတိယအများဆုံးထည့်ဝင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ 

တရုတ်တနိုင်ငံတည်းရဲ့ထည့်ဝင်ငွေဟာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအားလုံး ထည့်ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စီမံချက်အတွက် ငွေကြေးအားဖြင့် အများဆုံးထည့်ဝင်တဲ့နိုင်ငံဖြစ်ပေမဲ့ အမေရိကန်အရာရှိ ၅ဝ သာ စေလွှတ်ထားပါတယ်။ 

Haiti မှာငလျင်လှုပ်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကုလတပ်သားများ။ (Photo-UN)

RFA

No comments:

Post a Comment