နိုဝင်ဘာလ (၂၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၇)မိနစ်၊ (၁၁)စက္ကန့် အချိန်တွင် မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်မြောက် ဘက် (၁၂၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပူတာအိုမြို့၏ အနောက်ဘက် (၃၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၇.၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၅) ဒီဂရီ၊ အနက် (၄၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၆) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ထားသည်။
The Ladies News







0 comments:
Post a Comment