တရုတ်နိုင်ငံအနောက်ပိုင်းက ရှင့်ကျန်းပြည်နယ်မှာ အစ္စလမ်ဘာသာဝင် ဝီဂါလူမျိုး ၁-သန်း ကျော်ကို ပညာပေးစခန်း လို့အမည်ပေးထားတဲ့ ထိန်းသိမ်းရေးအကျဉ်းစခန်းတွေမှာ တရုတ်အစိုးရက ဖမ်းဆီးထားတာကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ပါလို့ ကမ္ဘာ့နိုင်ငံပေါင်းစုံက တတ်သိပညာရှင် ၂၇၈ ဦးက နိုင်ငံတကာကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
သူတို့ လက်မှတ်ထိုးထားတဲ့ အဲဒီတိုက်တွန်းစာမှာ လူမျိုးနဲ့ ကိုးကွယ်တဲ့ ဘာသာအပေါ် အခြေခံတဲ့ ဖိနှိပ်မှုမျိုးကို ဘယ်တိုင်းပြည်က ပြုလုပ်သည်ဖြစ်စေ၊ အနာဂတ် လောက အကျိုးအတွက် အရေးယူဖြေရှင်းဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
အဲဒီအကျဉ်းစခန်းတစ်ခုမှာ နေထိုင်ခဲ့ရဖူးတဲ့ မွတ်စလင်အမျိုးသမီးတဦးက သူမကို လျှပ်စစ်ကျဉ်စက် သုံးပြီး စစ်ဆေးတဲ့အပြင် အမျိုးအမည်မသိရတဲ့ ဆေးဝါးတွေ အဓမ္မသောက်ခိုင်းခဲ့ကြောင်းနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ မခံနိုင်တော့တဲ့အတွက် သူမကို သတ်ပြစ်ပါလို့ အာဏာပိုင်တွေကို တောင်းပန်ခဲ့ရဘူးကြောင်း ပြောပါတယ်။
ရှင့်ကျန်းပြည်နယ်အတွင်း လုံခြုံရေးတရုတ်စစ်သားများက ဓာတ်ပုံရိုက်ကူးတာကိုဟန့်တားနေစဉ်။
(Photo-REUTERS)
RFA







0 comments:
Post a Comment