Friday, November 2, 2018

ဒေသအချို့ အနည်းငယ်အအေးပိုလာနိုင်ဟု ဒေါက်တာထွန်းလွင်ပြော

မြန်မာနိုင်ငံအလယ်ပိုင်း နှင့် အထက်ပိုင်းဒေသအချို့တွင် အနည်းငယ်အအေးပိုလာနိုင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးအားလျော့ကျနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်း လွင်က ပြောသည်။ 
နိုဝင်ဘာသည် ဆောင်းဦး ကာလဖြစ်ပြီး လတ်တလောရာ သီဥတုအခြေအနေအရ ရှမ်း၊ ကချင်၊ ချင်း၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းဒေသများတွင် အနည်းငယ် အအေးပိုလာနိုင်သည်။ 

‘‘အအေးအနည်းငယ်ပိုလာ မယ်။ မနက်ပိုင်းတွေမှာ မြူတွေ ကျဆင်းမယ်’’ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။ 

ရှမ်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းဒေသများတွင် ယခုရက်ပိုင်း သိသိသာသာအေးလာသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိ ၌ ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းတွင် လေထုမတည်မငြိမ်ဖြစ်နေပြီး မုန်တိုင်း ငယ်တစ်ခုဖြစ်လာနိုင်သော်လည်း စောင့်ကြည့်ဆဲအခြေအနေဟုဆို သည်။ 

ပစိဖိတ်သမုဒ္ဒရာအနောက် ပိုင်းတွင် ဖြစ်ပေါ်နေသော အပူ ပိုင်းမုန်တိုင်း YUTU သည် တောင်တရုတ်ပင်လယ်မြောက်ပိုင်း၌ တိုက်ခတ်နေပြီး မြန်မာနိုင်ငံကို သက်ရောက်မှု မရှိကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။


7Day

0 comments:

Post a Comment