ပျက်ကျသွားခဲ့တဲ့ Lion Air လေယာဉ်က ပျံသန်းစဉ် မှတ်တမ်းတင်စက် “black box” ကို ရေငုပ်သမားတွေက နိုဝင်ဘာ ၁ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
အဲဒီ “black box” ကို အင်ဒိုနီးရှားကမ်းလွန် ပင်လယ်ကြမ်းပြင် အပျက်အစီးတွေအောက်မှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ ဟန်ဒရာဆိုသူ ရေငုပ်သမားကပြောပါတယ်။
အဆိုပါ Lion Air လေယာဉ်ဟာ လူပေါင်း ၁၈၉ ဦး တင်ဆောင်ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့တာပါ။
ပျက်ကျမှုကြောင့် အသက်ရှင်သူတွေကို မတွေ့ရှိရသလို Boeing 737 ရဲ့ လေယာဉ်ကိုယ်ထည်ကိုလည်း မတွေ့ရသေးပါဘူး။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ဘီဘီစီသတင်းအရ သိရပါတယ်။
DVB







0 comments:
Post a Comment