Tuesday, November 27, 2018

မြန်မာကိုရောက်နေသည့် NGO အချို့မှာ အလှူရှင်များ၏ဆန္ဒအပေါ် မူတည်ပြီး လုပ်ကိုင်နေရဟု ဆို


မြန်မာနိုင်ငံတစ်ဝန်းနှင့် ရခိုင်ပြည်နယ်တွင် ထောက်ပံ့ကူညီပေးနေကြသည်ဆိုသော NGO အချို့ မှာ အလှူရှင်များ၏ ဆန္ဒအပေါ် မူတည်ပြီး လုပ်ကိုင်နေရကြောင်း Yangon Lion Club ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက အကုန်သိသတင်းဌာနကို ပြောသည်။ 
NGO များ၏လုပ်ဆောင်ချက်အချို့ သည် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးကို ပိုမိုအကြပ်အတည်းတွေ့ စေသည့်အပြင် အစိုးရကိုယ်တိုင်ကလည်း NGO များအပေါ် စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်းလည်း သိရသည်။ 

“ တစ်ချို့ကတော့ အလှူရှင်ပေါ် မူတည်တယ်ပေါ့။ တစ်ချို့ကတော့လည်း ဘာသာရေးအရ သက်ဆိုင်တဲ့ဘာသာကိုပဲလှူရမယ်။ တစ်ချို့က လူမျိုးရေးအရ အကန့်အသတ်တွေရှိတယ်ပေါ့။ တစ်ချို့ NGO တွေက သူတို့အလှူရှင်တွေအပေါ် ရပ်တည်တာပေါ့။ ငွေပေးတဲ့သူတွေ အပေါ်မှာပေါ့။ သူတို့ပြောတဲ့အတိုင်း လိုက်လုပ်ရတာရှိတယ်။ တစ်ချို့ ဟာတွေကြ ခုနပြောသလို Bias (ဘက်လိုက်မှု)တွေရှိတယ်။ ဘာသာရေးအရသော်လည်းကောင်း၊ အရမ်းကြီးသိပ်လွန်လာရင်တော့ ထိန်းသိမ်းရမဲ့အပိုင်းတွေရှိတာပေါ့ ’’ ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ 

ရခိုင်ပြည်နယ် စစ်တွေ၊ ဘူသီးတောင်၊မောင်တောတို့တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလအကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ UNHCR ကဲ့သို့ အကူအညီပေးရေး NGO ၊INGO များ ရှိခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ပြန်လည်ထွက်ခွာမှုများရှိခဲ့သည်။ “ အဓိက ပြဿနာက ဘာလဲဆိုတော့ UN ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အလှူရှင်ပေါ်မူတည်နေတယ်။ အလှူရှင်က လွှမ်းမိုးတဲ့သူတွေကို ခန့်ထားတယ်။ ခန့်ထားတဲ့သူတွေကလည်း Bias ပဲ။ လူသားဖြစ်တဲ့အတွက်ကြောင့်မို့ လူသားပေါ်မှာ လူသားတိုင်းက Bias ရှိနိုင်တယ်။ ဘုရားကလွဲပြီး လူသားတွေဖြစ်တဲ့အတွက် လူ့အတ္တတွေရှိတယ် ’’ ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။ 

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများသာ အထောက်အပံ့ရပြီး ဒေသခံဌာနေတိုင်းရင်းသားများအနေဖြင့် အကူအညီအထောက်အပံ့ရရှိမှု နည်းပါးကြောင်း ဒေသခံများက ဆိုသည်။

(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment