တရုတ်အာဏာပိုင်တွေဟာ အမှုရင်ဆိုင်နေရတဲ့ တရုတ်လူ့အခွင့်အရေးရှေ့နေ Wang Quanzhang ရဲ့ အမှုရုံးချိန်းကို သူ့ဇနီးသည်ကို မလာနိုင်အောင် သူ့နေအိမ်ကို အစောင့်အကြပ်တွေချပြီး ဇနီးသည်ကို နေအိမ်အကျယ်ချုပ်ချထားလိုက်ပါတယ်။
ခင်ပွန်းသည် လူ့အခွင့်အရေးရှေ့နေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး တရားမဲ့အဖမ်းခံရတာဖြစ်တယ်လို့ ဇနီးသည်ကပြောဆိုပြီး ကိုယ့်ကိုယ်ကို ကတုံးရိတ်ပြီး ကန့်ကွက်လိုက်တာကြောင့် သူ့အိမ်ကို အာဏာပိုင်တွေက လုံခြုံရေးအင်အား ၂၀လောက်နဲ့ အ၀င်အထွက်မလုပ်နိုင်အောင် ပိတ်ထားလိုက်ပါတယ်။
နေအိမ်အကျယ်ချုပ်အချခံလိုက်ရတဲ့ Li WenZu က သူ့ကို ခင်ပွန်းသည်ရဲ့ အမှုချိန်းကို မသွားဖို့ လုံခြုံရေးအရာရှိတယောက်ကပြောတယ်လို့ တရုတ်လူမှုရေးစာမျက်နှာဖြစ်တဲ့ WeChat မှာ ရေးသားလိုက်ပါတယ်။
အဖမ်းခံရတဲ့ လူ့အခွင့်အရေးရှေ့နေ ၀မ် ကွာဇန် ဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့အမှုများနဲ့ မြေယာအသိမ်းခံရသူများဘက်က လိုက်ပါဆောင်ရွက်သူဖြစ်ပြီး သူကို ၂၀၁၆ ခုနှစ်ကထဲက အာဏာဖီဆန်မှုနဲ့ အဖမ်းခံရတာဖြစ်ပါတယ်။
Photo: FRED DUFOUR / AFP
RFA







0 comments:
Post a Comment