Tuesday, December 25, 2018

ဂန့်ဂေါမြို့အနီး မြေငလျင်လှုပ်


မြန်မာနိုင်ငံပြည်တွင်း ဂန့်ဂေါမြို့အနီးမှာ အင်အားရစ်ခ်ျတာစကေး ၃.၉ အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်လှုပ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက် မြန်မာစံတော်ချိန် ၁နာရီ၊ ၁၇ မိနစ်၊ ၃၄ စက္ကန့်အချိန် ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက် ဘက် ၆၄ မိုင်ခန့်ကွာဝေးတဲ့ ဂန့်ဂေါမြို့ရဲ့ အရှေ့တောင်ဘက် ၂၃ မိုင်ခန့်အကွာ၊ အနက် ၆၉ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

DVB

0 comments:

Post a Comment