တူရကီအစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယားသူပုန်တွေဟာ ဒီဇင်ဘာ ၂၅ ရက်က မန်ဘစ်ခ်ျမြို့အနီးရှိ ရှေ့တန်းမှာ ဆက်ပြီး အင်အားဖြည့်နေတယ်လို့ အင်္ဂလိပ်စကားနဲ့ ထုတ်လွှင့်တဲ့ အစိုးရရုပ်သံ TRT က ထုတ်ပြန်ပါတယ်။
ဆီးရီးယားနိုင်ငံကနေ အမေရိကန်ဆုတ်ခွာရေး တူရကီအစိုးရက တွန်းအားပေး လုပ်ဆောင်နေတာပါ။
ဒေသတွင်းမှာ စစ်ဆင်ရေးအသစ် လုပ်မယ်လို့ တူရကီအစိုးရက ဒီလထဲမှာ ပြောခဲ့ပါတယ်။
ဆီးရီးယားမြောက်ပိုင်းက အမေရိကန်တပ်တွေ အားလုံးကို ပြန်ရုပ်သိမ်းမယ်လို့ အမေရိကန် အစိုးရက အရင်သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။ ဒါကြောင့် ရုပ်သိမ်းမှုပြီးတဲ့အထိ တူရကီက စစ်ဆင်ရေးကို အချိန်ဆွဲနေရတာပါ။
တူရကီအစိုးရဟာ ဆီးရီးယားမြောက်ပိုင်းက ယူဖရေးတီးစ်မြစ် အရှေ့ဘက်ကို ဖြတ်ကူးဖို့ ဆုံးဖြတ်ထားတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗလွတ် ကာဗူစိုဂလူက ပြောတဲ့အကြောင်း ဟာရီယတ်သတင်းစာက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
နေတိုး မဟာမိတ်တွေဟာ YPG တပ်တွေကို မြို့ထဲကနှင်ထုတ်ရေး ဇွန်လထဲမှာ သဘောတူခဲ့ပေမယ့် သဘောတူညီချက်က နှောင့်နှေးနေတယ်လို့ တူရကီအစိုးရက ပြောပါတယ်။
ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်တွေကို တိုက်ရာမှာ YPG တွေဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ် ဖြစ်ပါတယ်။
တူရကီအစိုးရကတော့ YPG ဟာ အကြမ်းဖက် အဖွဲ့အစည်းဖြစ်ပြီး တူရကီအစိုးရကို ၁၉၈၀ ပြည့်လွန်နှစ်တွေတည်းက သူပုန်ထနေခဲ့တဲ့ ကာဒစ်စတန် အလုပ်သမားများပါတီ PKK ရဲ့ လက်အောက်ခံလို့ ပြောခဲ့ပါတယ်။
DVB







0 comments:
Post a Comment