NLD အစိုးရလက်ထက် ပြည်ပရင်းနှီးမြုပ်နှံမှု ၀င်ရောက်မှု နည်းနေခြင်းမှာ တည်ငြိမ်အေးချမ်းမှု လိုအပ်ချက်နှင့် ဗဟိုချုပ်ကိုင်မှု လွန်ကဲနေသောကြောင့် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ဒီဇင်ဘာ၂၅ ရက်တွင် အကြံပြုပြောကြားလိုက်သည်။
လက်ရှိတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကလည်း မြန်မာနိုင်ငံရှိ စီမံကိန်းများမှာ ပြည်ပချေးငွေများဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက ပြည်သူများ၏ ဘ၀ဖွံဖြိုးတိုးတက်လာမည်ဖြစ်ပြီး ချေးငွေများလည်း ပြန်လည်ဆပ်နိုင်မည်ဟု ဆိုထားသည်။
“စီမံကိန်းလုပ်တာမှာ မှန်မှန်ကန်ကန်လုပ်ဖို့ လိုတယ်။ နောက်တစ်ချက်က ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချဖို့လိုတယ်။ ဗဟိုချုပ်ကိုင်မှုက များနေတယ်။ အဲဒီတော့ ရင်းနှီးမြုပ်နှံမှုတွေ များများ မ၀င်ရခြင်း အကြောင်းက အချက်နှစ်ချက်ကြောင့်ပဲ။ တစ်ချက်က ပြည်တွင်းတည်ငြိမ်အေးချမ်းဖို့လိုတယ်။ နောက်တစ်ချက်က ဗဟိုချုပ်ကိုင်မှု လွန်ကဲနေတယ်။ ဒါကြောင့်ပဲ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ နည်းနေတာဖြစ်တယ်’’ဟု ဦးသိန်းထွန်းဦး က ပြောသည်။
စီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ဆန္ဒသဘောထားနှင့် အတူ ဒေသခံများ အသံကို နားထောင်ရန်လည်း လိုအပ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ တာဝန်ယူစဉ်အခါက သမ္မတကြီး ဦးသိန်းစိန်မှ မြစ်ဆုံရေကာတာစီမံကိန်းအား ပြည်သူ့အသံနားထောင်ကာ ရပ်ဆိုင်းခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုသည်။
လက်ရှိ NLD ပါတီ အစိုးရလက်ထက်တွင် ကုမ္ပဏီ မှတ်ပုံတင်ကြေးများ မှာ ကျပ် သုံးသိန်း ရှိတော့ပြီး မှတ်ပုံတင်ရာတွင် လွယ်ကူစွာ ဆောင်ရွက်ရရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် သီလ၀ါစက်မှုဇုန် အထူးစီးပွားရေးဇုန် ထူထောင်မှုများ လည်း အကောင်အထည် ဖော်ဆောင်နေလျက်ရှိသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)








0 comments:
Post a Comment