ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ် (၇) ရပ်ကွက် မေဒါဝီလမ်းရှိ စန္ဒာမင်းစိုး ဘောဒါဆောင်တွင် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Thursday, January 31, 2019
လူမြင်ကွင်းမှာ ပွေ့ဖက်မှုဖြင့် အင်ဒို ဆယ်ကျော်သက် သမီးရည်းစားနှစ်ဦးကို ကြိမ်ဒဏ်အပြစ်ပေး
လူမြင်ကွင်းမှာ ပွေ့ ဖက်ခဲ့ကြမှုဖြင့် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဇန်န၀ါရီ ၃၁ ရက်နေ့ က ဆယ်ကျော်သက်သမီးရည်စားနှစ်ဦးကို ကြိမ်ဒဏ်အပြစ်ပေးခဲ့တယ်လို့  သိရပါတယ်။ ရှေးရိုးစွဲ ပြည်နယ်ရဲ့အစ္စလာမ်မစ်ဥပဒေအရ ယင်း အပြုအမူဟာ ပြစ်မှုမြောက်ပါတယ်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသမီး အိမ်အကူတစ်ယောက်ကို ဆော်ဒီကွပ်မျက်
ဆော်ဒီမှာ လာရောက်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်အမျိုးသမီးအိမ်အကူကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိတဲ့ ၄င်းအမျိုးသမီးကို ၄င်းရဲ့လူသတ်မှုအတွက် လျော်ကြေးပေး၍မရကြောင်း တရားရုံးက စီရင်ချက်ချပြီး သေမိန့်ချခဲ့ပါတယ်။ ရှာရီယာဥပဒေမှာ လူသတ်မှုအတွက် လျော်ကြေးပေး ကြေအေးခွင့်ရှိပြီး သေသူရဲ့မိသားစုက ၄င်းကို လက်မခံမှသာ သေစားသေစေ စီရင်ပါတယ်။
ဦးကိုနီလုပ်ကြံခံရမှုမှ ၄ ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် အပြီးသတ်အမိန့်ချမည်
ရှေ့နေဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသော ၄ ဦးကို လာမည့်ဖေဖော်ဝါရီလ ၁၅ ရက် တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
ယာဉ်မရပ်ရနေရာတွင် ရပ်နားထားသည့် ကုန်သေတ္တာတင်ယာဉ်များကို ဖယ်ရှားရန် ကြေညာချက်ထုတ်ပြန်မည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် ယာဉ်မရပ်ရနေရာတွင် ကုန်သေတ္တာယာဉ်များ ရပ်နားထားသည့်အတွက် ဖယ်ရှားပေးရန် ကြေညာချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
အချစ်ရေးနဲ့  ပတ်သက်ပြီး ပရိသတ်ကို ပြောပြလာတဲ့ ယွန်းယွန်း
ကလေး သရုပ်ဆောင်တစ်ယောက်ကနေ ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးဖို့  စီစဉ်နေသလို အရွယ်ရောက်လာသူတစ်ဦး ဖြစ်တဲ့အတွက် ယွန်းယွန်း ရဲ့ အချစ်ရေးကို ပရိသတ်စိတ်ဝင်စားလာပေမယ့် ချစ်သူရည်းစားမထားဘူးလို့ သူမကပြောလာပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်၌ ကန့်ကွက်ခဲ့သည့် ထောက်ကြံ့ခုံးကျော်တံတားတွင်သုံးစွဲမည့် ကျပ်နှစ်ဘီလျံနှင့် မြို့တော်ဘဏ်၌ ထည့်ဝင်မည့် ကျပ် ၆ ဒသမ ၈ ဘီလျံတို့ကို ခေါင်းစဉ်ပြောင်းသုံးစွဲမည့် အခြေအနေနှင့်ပတ်သက်၍ တိုင်းလွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်း
ရန်ကုန်တိုင်းလွှတ်တော်တွင် ကန့်ကွက်ခဲ့သည့် ထောက်ကြံ့ခုံးကျော်တံတား ကျပ်နှစ်ဘီလျံနှင့် မြို့တော်ဘဏ်တွင် ထည့်ဝင်မည့် ကျပ် ၆ ဒသမ ၈ ဘီလျံတို့ကို ခေါင်းစဉ်ပြောင်းသုံးစွဲမည့် အခြေအနေများအား ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များနှင့် အကျိုးဆောင် အဖွဲ့များ၏ နှစ်ဦးအလှူကို စိတ်ကျန်းမာရေး ဆေးရုံကြီး၌ ပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များနှင့် အကျိုးဆောင်အဖွဲ့များ၏ နှစ်ဦးအလှူ ကို ဖေဖော်ဝါရီ ၁ ရက်က ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ စိတ်ကျန်းမာရေးဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အရည်အသွေး ပြည့်မီကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် ထောက်ခံထားသည့် တံတား ၊ တည်ဆောက်ပြီး ၈ လအကြာတွင် ပျက်စီးခြင်းမှာ သဘာဝဘေးကြောင့် ဖြစ်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင် အရည်အသွေးပြည့်မီကြောင်း ထောက်ခံထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ဆော့လော်-လန်ဆယ် လမ်းပေါ်ရှိ (၁၄၀) ပေ (၂) ထပ် သံပေါင်ဘေလီတံတား (မော်ဝေ ကျေးရွာနှင့် ထန်ဒန်ကျေးရွာ ကြားရှိ ထန်ဒန်တံတား) ထန်ဒန်တံတားသည် တည်ဆောက်ပြီး ၈ လအကြာတွင် ပျက်စီးခြင်းမှာ သဘာဝဘေးကြောင့်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဇန်န၀ါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့တွင်အစားထိုးခန့်အပ်သည့် ဝန်ကြီး ၃ဦး ကတိသစ္စာပြု
ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်ခဲ့သည့် ဝန်ကြီးနေရာ ၃နေရာအတွက်အစားထိုးခန့်အပ်သည့် ဝန်ကြီး ၃ဦးသည် ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) စတုတ္ထနေ့တွင် ကတိသစ္စာပြုခဲ့သည်။
မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ၊ သယ်ဆောင်လာသူ ဆိုင်ကယ်မောင်းနှင်ထွက်ပြေး
မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးအား ရပ်တန့်ခိုင်းစဉ် သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြားအထုပ်အား လမ်းပေါ်ပစ်ချပြီး ဆိုင်ကယ်မောင်းနှင်၍ ထွက်ပြေးသွားမှု မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း တစ်ရာကျော် ဝင်ရောက် ယှဉ်ပြိုင်မည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲတွင် NLD ပါတီမှ နေရာစုံတွင် ကိုယ်စားလှယ်လောင်း တစ်ရာ ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ဇန်နဝါ ရီ ၃၁ ရက်တွင် ပြောကြားသည်။
ပြင်သစ်စွမ်းအင်ကုမ္ပဏီ အထက်ရဲရွာ ရေကာတာစီမံကိန်းမှ ရုပ်သိမ်း
ရှမ်းပြည်နယ်က အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှာ ပါဝင်လုပ်ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲက ပြင်သစ်အခြေစိုက် ENGIE စွမ်းအင်ကုမ္ပဏီ နုတ်ထွက်တော့မယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ ဒီလို ကုမ္ပဏီတခု နုတ်ထွက်သွားပေမယ့်လည်း လူထု လျှပ်စစ်မီးလုံလောက်ရေးအတွက် အကောင်အထည်ဖော်နေတဲ့ စီမံကိန်းဖြစ်တာကြောင့် ဆက်လုပ်သွားမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အဆင့်မြင့်တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
Donald Trump နဲ့ တရုတ်ဒု-သမ္မတ ဆွေးနွေးမှုအလားအလာကောင်း
တရုတ်ဒုသမ္မတ Liu He နဲ့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံနဲ့ စီးပွားရေး ထိပ်တိုက်ရင်ဆိုင်ဖြစ်နေတဲ့ ကိစ္စဟာ ပြောင်းပြန်ဖြစ်သွား နိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြုသဘောဆောင် ပြောကြားလိုက်ပါတယ်။ ရလဒ်ကောင်း ပေါ်ထွက်လာခဲ့ရင် ဒါဟာ အကြီးမားဆုံး သဘောတူညီမှုတရပ် ဖြစ်မယ်လို့လည်း ဆိုပါတယ်။
မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ နေအိမ်ဖောက်ထွင်းခံရ
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နေအိမ်တွင် ယမန်နေ့ နံနက်အစောပိုင်းက ဖောက်ထွင်းခံရသော်လည်း ပစ္စည်းများ ပျောက်ဆုံးခြင်းမရှိကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။
၅ လတာအတွင်း အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီပေါင်း ၁၀၀၀၀ အထိ မှတ်ပုံတင်ခဲ့ကြောင်း MIC အတွင်းရေးမှူးပြော
ကုမ္ပဏီမှတ်ပုံတင်ရာတွင် မှတ်ပုံတင်ရုံးကို သွားရောက်စရာမလိုဘဲ အွန်လိုင်း မှတ်ပုံတင်စနစ်မှတစ်ဆင့် ဆောင်ရွက်ရာတွင် ၅ လတာ ကာလအတွင်း ကုမ္ပဏီပေါင်း ၁၀၀၀၀ အထိ မှတ်ပုံတင်အသစ်ပြုလုပ်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
အစိုးရကို မလွှဲပြောင်းရသေးသည့်အတွက် ထိန်းချုပ်စင်တာမှ စည်းကမ်းမဲ့ယာဉ်များကို အရေးယူနိုင်ခြင်း မရှိသေးဟုဆို
ပြည်သူ့ရင်ပြင် နက္ခတာရာပြခန်းအနီးတွင် တည်ဆောက်ထားသည့် ထိန်းချုပ်စင်တာနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီမှ အစိုးရသို့ မလွှဲပြောင်းရသေးသည့်အတွက် စည်းကမ်းမဲ့ယာဉ်များကို အရေးမယူနိုင်သေးကြောင်း အမှတ်(၂) ယာဉ် ထိန်း တပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
တေးသီချင်းမူပိုင်ခွင့်နှင့်ပတ်သက်သည့်လုပ်ငန်းများ တင်ဒါ ဖိတ်ခေါ်
တေးသီချင်းမူပိုင်ခွင့်နှင့်ပတ်သက်သည့်လုပ်ငန်းများ၊ FM Radio များ၊ ကာရာအိုကေများ၊ KTV များမှ အနုပညာကြေးများကောက်ခံခွဲဝေခြင်းဆိုင်ရာလုပ်ငန်းများတွင် တိကျပြည့်စုံသော နည်းပညာဖြင့် အမှန်ကန်ဆုံးဆောင်ရွက်ပေးနိုင်မည့် နည်းပညာကုမ္ဗဏီများအား မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ တင်ဒါ ဖိတ်ခေါ်ထားသည်။
လွှတ်တော်တွင်အသုံးပြုရန် မော်တော်ယာဉ်များဝယ်ယူရာ၌် ငွေကြေးလွဲမှားမှုများရှိခဲ့သည်ဟုဆိုကာ ပါတီမှထုတ်ပယ်ခြင်းခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌမှာ ဒုဥက္ကဋ္ဌတာဝန်မှ မိမိဆန္ဒအရနုတ်ထွက်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြေညာ
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုနိုင်ရန် မော်တော်ယာဉ်များဝယ်ယူရာတွင် ငွေကြေးလွဲမှားမှုများ ရှိခဲ့သည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်မှာ လွှတ်တော်ဒုဥက္ကဋ္ဌတာဝန်မှ မိမိဆန္ဒအရ နုတ်ထွက်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်တွင်ကြေညာခဲ့သည်။
တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်း ကြပ်မတ်ရန် လိုသည်
အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ သုံးရပ်သည် တိုင်းပြည်အတွက် အရေးအကြီးဆုံးသော မဏ္ဍိုင် သုံးရပ်ဖြစ်ပြီး တိုင်းပြည်အား ထိုမဏ္ဍိုင်သုံးရပ်ပေါ်တွင် တည်ဆောက် ထားသည်ဟု ဆိုကြသည်။ ထိုမဏ္ဍိုင်သုံးရပ်သည် သီးခြားလွတ်လပ်စွာ မိမိတာဝန်ထမ်းဆောင်ခြင်းသည် တိုင်းပြည်အား ဒီမိုကရေစီစနစ်ပေါ်၌ တည်ဆောက်ရာတွင် အရေးပါသည်ဟု ယုံကြည်ကြသည်။
ကျွန်းလှတွင် ကျောင်းအုပ်ဆရာမကြီး ကျောင်းမလာ၍ အစိုးရထံတိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရေရှင်ကျေးရွာအုပ်စု၊ ဟဲကင်းရွာရှိ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူမှာ တစ်နှစ်ပတ်လုံး ကျောင်းသို့လာရောက်ခြင်းမရှိသည့်အတွက်ဟုဆိုကာ ဇန်နဝါရီလ ၃၀ ရက်နေ့က ဝန်ကြီးချုပ်ထံ တိုင်ကြားထားကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။
စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ်သိန်းခြောက်ရာကျော်ရ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲအတွက် လျှောက်ထားသူ ကိုယ်စားလှယ်လောင်း ၂၇၈ ဦးထံမှ မှတ်ပုံတင်ကြေး ကျပ်သိန်းခြောက်ရာသုံးဆယ်ကျော် ရရှိထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဇင်မင်းလှိုင်က ပြောကြားသည်။
အကြွေးတောင်းရာမှ မိန်းမချင်း ခိုက်ရန်ဖြစ်၊ အမျိုးသမီးတစ်ဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံး
လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာရှိ ပိတောက်လမ်းတွင် ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းက အမျိုးသမီးနှစ်ဦး အကြွေးတောင်းသည့်ကိစ္စဖြင့် ခိုက်ရန်ဖြစ် လုံးထွေးသတ်ပုတ်နေစဉ် အသက် ၄၆ နှစ် အမျိုးသမီးမှာ ဓားဖြင့်ထိုးခံရသည့် ဒဏ်ရာကြောင့် ယင်းနေ့ ညနေပိုင်းတွင် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပုဂံရှေးဟောင်းနယ်မြေတွင် ကေတီဗီဆိုင်များဖွင့်ခွင့်ပြု
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ညောင်ဦးမြို့နယ်တွင် ကေတီဗီ (KTV) လုပ်ငန်းများ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောကြားသည်။
ဒုရဲမှူးဟောင်း မိုးရန်နိုင် လွတ်ပြီ
ပြီးခဲ့တဲ့နှစ်ကရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန် အင်းစိန်ထောင်ကနေ ပြန်လွတ်လာပြီဖြစ်ပါတယ်။
မြင်းခြံ၌ အီလက်ထရွန်နစ်နည်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (HelpAge International) က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ သက်ကြီးရွယ်အိုများကို အီလက်ထရွန်နစ်နည်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ကနဦးလုပ်ဆောင်ခဲ့ကြောင်း HelpAge International ၏ ပရိုဂရမ်မန်နေဂျာ ဒေါ်အေးမြတ်ဖြိုးက ပြောကြားသည်။
နောက်ကျဒဏ်ကြေးပေးရုံဖြင့် MyCo စနစ် ပြန်လည်မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးမည်မဟုတ်
အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (MyCO) ဖြင့် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လာရောက်မှတ်ပုံမတင်သည့် ကုမ္ပဏီများကို နောက်ကျဒဏ်ကြေးပေးဆောင်ရုံမျှဖြင့် ပြန်လည်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသည်။
တောင်တွင်းကြီးတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံးမီးလောင်
မကွေးတိုင်း တောင်တွင်းကြီးမြို့ စစ်တားကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးဆက်၍ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ယင်းမြို့မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ချင်းမိုင်တွင် လေထုညစ်ညမ်းမှု စံချိန်ကျော်လွန်
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ လေထုညစ်ညမ်းမှု ဆိုးရွားလို့ စာသင်ကျောင်းတွေ ပိတ်ထားရသလို ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။
ရုရှားလေယာဉ် ဗင်နီဇွဲလားသို့ ရောက်ရှိလာမှုအပေါ် ကောလာဟလများ ပေါ်ထွက်
ခရီးသည် အယောက်လေးရာ တင်ဆောင်နိုင်တဲ့ ရုရှားလေယာဉ် ဘိုးရင်း ၇၇၇ တစီး ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်ကို ပုံမှန်မဟုတ်ဘဲ ရောက်လာတဲ့အတွက် ကောလာဟလတွေ ပေါ်ထွက်နေပါတယ်။
"ဖွဲ့စည်းပုံပြင်ဆင်ရေး ယခင်ကတည်းက သဘောတူပြီးဖြစ်ဟု တပ်ချုပ်ပြော"
"ပြင်ဖို့သဘောတူပြီးသား အခြေခံမပြင်ဘူးလို့ တခါမှ မပြောခဲ့ဖူးဘူး။ ဟိုးနှစ်ပေါင်းများစွာကတည်းက ပြောခဲ့တယ်။ ပထမအကြိမ်အစိုးကတည်းက ပြောခဲ့တယ်။ သို့သော် စနစ်တကျပြင်ဖို့ပဲ လိုတယ်။ ကျန်တာတော့ ဘာမှမပြောဘူး ပြင်သင့်ပြင်ထိုက်အချိန်မှာ ပြင်ဖို့ရှိပါတယ်"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုထားရှိမည့်ကိစ္စ ကန့်ကွက်မှု လွိုင်ကော်မှာ ဖြစ်ပြန်
လွိုင်ကော်မြို့ "ကန္ဒာဟေဝန်"ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထု ထားရှိဖို့ကို ကန့်ကွက်မှုဟာ ဒီကနေ့မှာ ပြန်လည်ဖြစ်ပွားနေပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်သဘောတူသည့်အချက်မှ စပြင်ဆင်ရန် ဦးခင်အောင်မြင့်အကြံပြု
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြန်သုံးသပ်ဖို့လိုတဲ့ ကာလကို ရောက်လာပြီဖြစ်ပြီး ပြင်ဖို့လွယ်တဲ့အချက်တွေ၊ တပ်မတော်က သဘောတူတဲ့အချက်တွေစပြင်ဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။

















































