အင်းစိန်ဗဟိုအကျဉ်း ထောင်သို့ ထောင်ဝင်စာလာ ရောက်တွေ့ဆုံသူများသွားလာ ရေးအဆင်ပြေစေရန်သုံးဘီးဆိုင် ကယ်များ စီစဉ်ပေးထားကြောင်း ထောင်မှူး ဦးဇော်ဇော်ကပြော ကြားသည်။
‘‘ထောင်ဝင်စာလာတွေ့တဲ့ ဧည့်သည်တွေအတွက် ၀င်ပေါက် ဂိတ်ကနေလာတဲ့အခါ လမ်း လျှောက်ရတာဝေးတယ်လေ။ သက်သောင့်သက်သာဖြစ်အောင် စီစဉ်ပေးတာပါ။ သုံးဘီးလေးတွေ နဲ့ဆွဲပေးတာပါ’’ ဟု ၎င်းကပြော သည်။
သုံးဘီးဆိုင်ကယ်များဖြင့် ပြေးဆွဲပေးမှုကို အကျဉ်းထောင်၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးဇော် ဇော်က ဆက်လက်ပြောသည်။
‘‘အသွားအပြန်သုံးရာတော့ မဟုတ်ဘူး။ တစ်ကြောင်းသုံးရာ’’ ဟု ဦးဇော်ဇော်က ယာဉ်စီးခနှုန်း ထားကိုပြောသည်။ ထို့ကြောင့် အင်းစိန်ထောင် ၀င်ပေါက်ဝနှင့် ထောင်ဘူးဝသို့ အသွား၊ အပြန် ကျပ်ခြောက်ရာ ကျသင့်မည်ဖြစ် သည်။
ယခင်က ဆိုက်ကားများဖြင့် စီစဉ်ပေးသော်လည်း အဆင်မပြေ သောကြောင့် ယခုကဲ့သို့ ပြောင်း လဲခြင်းဖြစ်သည်ဟုဆိုသည်။
‘‘ဆိုက်ကားကျ အမိုးလည်း မပါဘူး။ ကျပ်လည်းကျပ်တယ်။ နောက်ပစ္စည်းတင်ရတာလည်းအ ခက်အခဲဖြစ်တယ်။ အဲဒါကြောင့် ဒီဆိုင်ကယ်လေးတွေ ဆိုလို့ရှိရင် ထောင်ဝင်စာလာတဲ့အခါ ပစ္စည်း တွေပါလာလို့ရှိရင် ဆိုင်ကယ် လေးနဲ့ဆိုရင် လူလည်းသက်သာ တယ်။ ပစ္စည်းလည်းတင်ရတာ ချောင်ချောင်ချိချိလေးရှိတာပေါ့’’ဟု ဦးဇော်ဇော်ကဆိုသည်။
အင်းစိန်အကျဉ်းထောင်သို့ နေ့စဉ်လူ ၁၀၀ ကျော် ထောင် ၀င်စာ တွေ့ဆုံလေ့ရှိကြောင်း ယင်းအကျဉ်းထောင်တွင် သုံးကြိမ်ထပ်မနည်း အကျဉ်းကျခံရဖူးသူ ဦးသန်းရွှေကပြောသည်။
7Day
No comments:
Post a Comment