Wednesday, January 2, 2019

ကျပ်သိန်း ၁၀,၀၀၀ ဆုကို မွန်ပြည်နယ်လွှတ်တော်က အမျိုးသမီးဝန်ထမ်းတစ်ဦး ဆွတ်ခူး

(၂၂)ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း ၁၀,၀၀၀ ဆုကို မွန်ပြည်နယ်လွှတ် တော်မှ အမျိုးသမီးဝန်ထမ်းတစ်ဦးက ဆွတ်ခူးခဲ့သည်။ 
၂၀၁၉ ဇန်နဝါရီ ၁ ရက်တွင် ထွက်ရှိသည့် (၂၂)ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း ၁၀,၀၀၀ ဆုကို မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် သုခဝတီ(၁) နေ မွန်ပြည်နယ်လွှတ်တော်ရုံး၌ တာဝန်ထမ်းဆောင်သည့် မဆု မြတ်နန္ဒက ဆွတ်ခူးခဲ့သည်။ 

‘‘ရန်ကုန်ရွှေတိဂုံဘုရားသွားဖူးရင်း ဘုရားမုခ်ဝရှေ့မှာ ထီသည် တွေ့လို့ ထိုးလိုက်တယ်။ ရန်ကုန် မှာ ထိုးတာပါ။ ငါးစောင်တွဲကို ၃,၅၀၀ ထိုးခဲ့တာ။ မော်လမြိုင်မှာ ထိုးတာမဟုတ်ဘူး။ ထီထိုးတဲ့အ ချိန်က ထီသည်ကို ဖုန်းနံပါတ်ပဲ ပေးထားတယ်။ နာမည်မပေးဘူး။ မနေ့က ထီသည်ဖုန်းဆက်လို့ ပေါက်တာသိတာ။ ကိုယ်ဝန်လွယ် ထားတော့ အိပ်မက်ထဲမှာ ထီ သိန်းငါးထောင်ပေါက်တယ်။ အိပ် မက်က ဂဏန်းကို ထိုးလိုက်တယ်။ အက္ခရာက အိပ်မက်ထဲမှာ (က) အခုက ပေါက်တာက (င) ပါ’’ဟု ကျပ်သိန်း ၁၀,၀၀၀ ဆုရှင် မဆု မြတ်နန္ဒက ပြောသည်။ 

ထီပေါက်သည့် ငွေများကို ၎င်း၏မိဘနှစ်ပါးအား ကျပ်သိန်း ၁,၀၀၀၊ အမျိုးသားဘက်က မိဘနှစ်ပါးအား ကျပ်သိန်း ၁,၀၀၀ ကန်တော့မည်ဖြစ်ပြီး မောင်နှမများအား ကျပ်သိန်း ၂၀၀ စီပေးမည်ဟု ဆိုသည်။ ရွှေတိဂုံစေတီတွင် ကြွေပြားကပ်လှူမည်ဖြစ်ပြီး လမ်းများ ခင်းမည်ဖြစ်ကာ ဆွေမျိုးများနှင့် လွှတ်တော်ရုံးက ဝန်ထမ်းများကို ဘုရားဖူးပို့ပေးမည်ဖြစ်ကြောင်း မဆုမြတ်နန္ဒက ဆိုသည်။ 

မဆုမြတ်နန္ဒသည် အသက် (၂၃)နှစ်အရွယ်ရှိပြီး မွန်ပြည်နယ် လွှတ်တော်ရုံးတွင် စာပို့စာရေးအ ဖြစ် တာဝန်ထမ်းဆောင်ကာ​ ခင်ပွန်းသည် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၏ ကိုယ်ရေးအရာရှိ ဦးထွန်းထွန်းထိုက်ဖြစ်သည်။ 

ပြီးခဲ့သည့် အောင်ဘာလေ ထီ အကြိမ်(၂၀)နှင့် (၂၁)ကြိမ် မြောက် ကျပ်သိန်း ၁၀,၀၀၀ ဆုကို ပဲခူးတိုင်းက ဆွတ်ခူးခဲ့သည်။

7Day

No comments:

Post a Comment