ရန်ကုန်-မန္တလေးအမြန်လမ်း(၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၆ နာရီမှ ၂၆ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင် လာသော မော်တော်ယာဉ်(၁၂)စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ် (၃)စီး၊ ဖြူးမြို့နယ်၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်(၈)စီး၊ မိတ္ထီလာမြို့နယ်၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ်(၃)စီး၊ တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် (၉)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၃၅)စီးတို့အား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွား မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့ အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် (၈၃၄) စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၆ နာရီမှ ၂၆ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲမောင်းနှင် လာသော မော်တော်ယာဉ် (၁)စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးသို့ တရားစွဲတင်ပို့ သွား မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၂၆ ရက်နေ့ထိ ခါးပတ်မပတ်ဘဲမောင်းနှင် လာသော ယာဉ်(၁၃)စီး ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Credit - အမြန်လမ်းရဲတပ်ဖွဲ့
The Ladies News







0 comments:
Post a Comment